BEC-TERO TV

လူသားစားတဲ့ သားအဖကို ယူကရိန်းရဲအဖွဲ့ ဖမ်းဆီး

31 Oct 2018     1,332 Views


သားအဖနှစ်ဦးဟာ အသက် ၄၅ နှစ်အရွယ် ရဲဝန်ထမ်းဟောင်းတစ်ဦးကို ခေါင်းဖြတ်သတ်ပြီး ခန္ဓာကိုယ်က အသားတွေကို စားခဲ့တယ်လို့ သံသယရှိကာ ရဲအဖွဲ့က နှစ်ယောက်လုံးကို ဖမ်းဆီးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ဆော်လ်တီကာမြို့ရှိ နေအိမ်တိုက်တန်းလျား ခြံဝင်းထဲမှာ ခေါင်းပြတ်နေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို အိမ်နီးချင်းတွေ တွေ့ခဲ့ပြီး ရဲကိုအကြောင်းကြားခဲ့ပါတယ်။ ရဲတွေလာရောက် စစ်ဆေးတဲ့အခါ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းရဲ့ ခန္ဓာကိုယ်က အသားတွေ လှီးထုတ်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။

ရဲတွေဟာ နေအိမ်တန်းလျားက အခန်းတွေကို ဝင်ရောက်ရှာဖွေတဲ့အခါမှာတော့ မသင်္ကာဖွယ်ရာ သားအဖနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့အခန့်ရဲ့ ဝရန်တာမှာ သေဆုံးသူ ရဲဝန်ထမ်းဟောင်းရဲ့ ဦးခေါင်းကို စက္ကူပုံးထဲ ထည့်ထားတာကို တွေ့ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သတ်ဖြတ်ခံရသူနဲ့ လူသားစား တရားခံသားအဖ နှစ်ယောက်ရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ သတ်ခံရသူဟာ အောက်တိုဘာ ၄ ရက်နေ့ထဲက ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ သူ့ရဲ့မိသားစုတွေက ဆိုပါတယ်။

ဆေးစစ်ချက်မှာတော့ လည်ပင်းကို ဓားနဲ့ထိုးခံရပြီး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ တရာခံနှစ်ဦးထဲမှ အသက် ၂၀ အရွယ်သားဖြစ်သူက ဖခင်ဟာ သေဆုံးသူရဲ့ ခြေထောက်နဲ့ နံရိုးက အသားတွေကို လှီးယူပြီး မီးဖိုပေါ်မှာ ပေါင်းအိုးထဲထည့်ပြုတ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက် ကျက်တဲ့အခါ သားအဖနှစ်ယောက် စားသောက်ခဲ့ကြပါတယ်။

နှစ်ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်နဲ့အထက် ကျခံရမည်ဖြစ်သည်။

 


31 Oct 2018     1,332 Views




RELATED

Most Popular of International News

Most Popular of NEWS