BEC-TERO TV

အေးမြတ်သူပြောပြတဲ့ သုံးဆယ်ကျော်မမတွေအတွက် အရွယ်တင်လှပနေစေမယ့်နည်း

31 Oct 2018     1,422 Views


ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူကတော့ လှပချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး သူမပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးက သူမရဲ့ထင်ရှားတဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ တည်ငြိမ်ရင့်ကျက်မှုတွေပိုလာတဲ့ သူမက ရိုးသားပွင့်လင်းစွာ ပြောဆိုနေထိုင်တတ်သူတစ်ယောက်လဲဖြစ်ပါတယ်။ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားကျ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ မမြတ်လေးကတော့ မြန်မာဝတ်စုံလေးတွေကို လှလှပပလေးဝတ်ဆင်ကာ ဆွဲဆောင်တတ်သူတစ်ယောက်မို့ ပရိသတ်တွေက အချစ်ပိုနေရတာလဲဖြစ်ပါတယ်။

အသက် ၃၀ ကျော်လွန်ကာ အပျိုကြီးမမဘ၀မှာ ပျော်မွေ့နေတဲ့ သရုပ်ဆောင်အေးမြတ်သူကတော့ သူမလို အသက် (၃၀) ကျော်မိန်းကလေးတွေအတွက် အရွယ်တင်နုပျိုလှပနေစေမယ့် နည်းလမ်းလေးတစ်ခုကို မျှဝေလိုက်ပါတယ်။ သူမကိုယ်တိုင်လဲ နုပျိုလှပအောင်ထိန်းသိမ်းနေသူတစ်ယောက်ဖြစ်တာကြောင့် သူမလိုအလှအပကို မြတ်နိုးသူတွေအတွက် အရွယ်တင်လှပနေစေမယ့် နည်းလေးတစ်ခုကိုပြောပြလိုက်တာပဲဖြစ်ပါတယ်။

အေးမြတ်သူ ပြောပြထားထာကတော့ “အိုမင်းရင့်ရော်ခြင်း ကို ကာကွယ်ချင်တယ်ဆိုရင် အသက်၃၀ကျော်ကျော်အမျိုးသမီးတိုင်း အိပ်ရေးဝဝအိပ်ပြီး YOGA ကျင့်စေချင်ပါတယ်ရှင့်.... အရမ်းကြီးအင်တိုက်အားတိုက် ခွန်အားသုံးပြီး ကစားရတဲ့ အားကစားနည်း မဟုတ်တဲ့ YOGA အားကစားနည်း က အသားအရေ ကို တင်းရင်းစေပြီး ..ကိုယ်ခန္ဓာအကြောတွေကိုလည်း ပျော့ပျောင်းစေလို့... ချစ်ရတဲ့ အမျိုးသမီးသူငယ်ချင်းတိုင်းမိတ်ဆွေတိုင်း ကို YOGA ကျင့်ဖို့ တိုက်တွန်းပါရစေရှင့်.....နည်းလမ်းကောင်းလေးတွေရတိုင်း ချစ်ရသူတွေကို လက်တို့တက်တာ မမြတ်လေးရဲ့ အကျင့်လေးတခုပါ...” ပါဆိုပြီး ရေးသားမျှဝေထားတာဖြစ်ပါတယ်။

အေးမြတ်သူကတော့ လက်တလောမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာပါဝင်ရိုက်ကူးရင်း သူမရဲ့အနုပညာတွေကို ပရိသတ်တွေကို ချပြလျက်ရှိပါတယ်။ ကြော်ငြာတွေရိုက်၊ ပွဲတွေတက်ရင်း သူမချစ်ရတဲ့အနုပညာအလုပ်တွေနဲ့ ကောင်းမွန်တဲ့နေ့ရက်တွေကို ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။


31 Oct 2018     1,422 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment