BEC-TERO TV

ဘရစ်တနေစပီးယားနဲ့ ပြတ်ပြီး ၂ နာရီအကြာမှာ Cry Me A River သီချင်းကိုရေးခဲ့တယ် လို့ပြောလိုက်တဲ့ ဂျက်စတင်တင်းဘားလိတ်ခ်

31 Oct 2018     1,318 Views


ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ သရုပ်ဆောင်အဆိုတော် Justin Timberlake ဟာ သူ့ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ဘဝဇာတ်ကြောင်းတို့ပါဝင်တဲ့ သူကိုယ် တိုင်ရေးသားခဲ့တဲ့ စာအုပ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

စာအုပ်ရဲ့နာမည်က “Hindsght and All the things I can’t see in front of me” ဖြစ်ပါတယ်။ အဆိုပါစာအုပ်ထဲမှာ သူဖြစ်သန်းခဲ့ရတဲ့ အနုပညာသက်တမ်း တစ်လျှောက် ကအကြောင်းအရာတွေအကုန် ပါဝင်လို့နေပါတယ်။

ထိုအကြောင်းအရာတွေထဲကမှ တစ်ချိန်ကတွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းထဲက တစ်ယောက်ဖြစ်တဲ့ ဘရစ်တနေစပီးယားအကြောင်းလဲ ပါဝင်လို့နေပါတယ်။ ဂျက်စတင်ဟာ သူမနဲ့ပြတ်ပြီးတဲ့ကာလမှာ “Cry Me A River” ဆိုတဲ့ သီချင်း ကိုထွက်ရှိခဲ့ပါတယ်။ ထိုသီချင်းကို ဘရစ်တနေနဲ့ လမ်းခွဲပြတ်စဲပြီး ၂ နာရီတိတိ မှာရေးဖြစ်ခဲ့တယ်လို့ စာအုပ်မှာဖော်ပြထားပါတယ်။

“အဲ့အချိန်တုန်းက ဘယ်လိုပြောရမလဲ ကျွန်တော်အဖက်မတန်သလို လုပ်ခံရတယ်လို့ခံစားရတယ်ဗျာ။ စိတ်တွေကလဲအရမ်းရှုပ်ထွေးနေတော့ စာရွက်ပေါ် ရေးမိရေးရာ ချရေးလိုက်တာ သီချင်းတစ်ပုဒ်ဖြစ်သွားတာပဲ။” လို့ ရေးသားဖော်ပြထားပါတယ်။

ပြီးတော့ ဂျက်စတင်က အဲ့ဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ခံစားချက်နဲ့ပတ်သတ်ပြီး ဒီလိုရေးသားထားပါတယ်။

“ကျွန်တော့်ခံစားချက်တွေကို ဘာသာပြန်လိုက်တဲ့သဘောပါ အဲ့တော့ လူတွေလဲကျွန်တော့ခံစားချက်တွေကိုခံစားနားဆင်လို့ရသွားတာပေါ့။ ခံစားချက်ချင်း တိုက်ဆိုင်တဲ့လူတွေလဲရှိရင်ရှိကြမှာပေါ့။ လူတွေက ကျွန်တော့်ခံစားချက်တွေကိုခံစားနားဆင်ပြီးတဲ့အခါမှာ ကျွန်တော့်ကိုနားလည်ပေးကြတယ်။ ဒီကိစ္စမျိုးဆိုတာလည်း လူတိုင်းနီးပါး ကြုံဖူးနေကျပဲ မဟုတ်ပါလား။” လို့ရေးသားခဲ့ပါတယ်။

Cry Me A River သီချင်းဟာဆိုရင် ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အရမ်းကိုရေပန်းစားခဲ့ တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဂျက်စတင်နဲ့ ဘရစ်တနေတို့ဟာ ၁၉၉၈ မှာစတွဲခဲ့ပြီး ၂၀၀၂ ခုနှစ်မှာလမ်းခွဲပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ဂျက်စတင်ဟာ ဇနီးသည် ဂျက်ဆီကာဘီယယ်လ်၊ သားလေး ဆိုင်းလတ်စ် တို့နဲ့ အတူသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီဖြစ်ပါတယ်။


31 Oct 2018     1,318 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment