ရွှေအိုရောင် ဆံနွယ်တွေကိုစွန့်လွှတ်ပြီးကတုံး တုံးလိုက်ပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ
31 Oct 2018 1,621 Views

JB တစ်ယောက် ကတုံးတုံးလိုက်ပြီတဲ့ ဆိုတဲ့ သတင်းကိုကြားကြားလိုက်ရချင်း အံ့သြသွားတယ်မဟုတ်လား။
မနေ့က အောက်တိုဘာ ၃၀ မှာ JB ဟာသူ့ရဲ့ ကတုံးဆံပင်ပုံစံကို Mirror Selfie ဆွဲကာ Instagram story မှာတင်ခဲ့ပါတယ်။ သူ့ရဲ့ လှပတဲ့ရွှေအိုရောင်ဆံပင်တွေကို ဘာကြောင့်များညှပ်ပစ်လိုက်ရတာလဲဆိုတာကို လူအများကတော့ နားမလည်နိုင်ဖြစ် နေပါတယ်။ JB ဟာရွှေအိုရောင်ဆံပင်အရှည်ကို အလွန်အမင်းနှစ်သက်ခဲ့တဲ့ပုံပါပဲ ဘာလို့ရုတ်တရက် ညှပ်ပစ်ရတာလဲ ဆိုတဲ့ သို့လောသို့လော တွေဖြစ်လာပါတယ်။
.jpg)
အဆိုပါ ရွှေအိုရောင်ဆံပင်ရှည်က ချစ်သူဖြစ်သူ Hailey Baldwin နဲ့ဆင်တူ ထားခဲ့တာကြောင့် ယခုကတုံးတုံးလိုက်တဲ့အတွက် Hailey နဲ့ ဘာဖြစ်သလိုလို ပရိတ်သတ်များကထင်ကြေးပေးနေကြပါတယ်။






