BEC-TERO TV

စိတ်ပင်ပန်းဖိစီးမှုများကြောင့်ခေါင်းကိုက်ခြင်းရောဂါအကြောင်း

06 Aug 2015     1,789 Views


စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်းဆိုတာဦးခေါင်းတစ်ဝိုက်မှာတင်းကြပ်စွာဖိထားသလိုမျိုးခံစားရတဲ့ရောဂါကိုပြောပါတယ်။ဒီခေါင်းကိုက်ခြင်းဟာကုသလို့ရတဲ့ရောဂါအမျိုးအစားပဲဖြစ်ပါတယ်။ဒီရောဂါဟာတစ်ခါတစ်လေမှာနာတာရှည်ရောဂါတစ်ခုအဖြစ်ဖြစ်လာတက်ပါတယ်။များသောအားဖြင့်အသက်(၄၀)ကျော်အသက်လတ်တွေမှာဖြစ်တာများပါတယ်။ရောဂါလက္ခဏာတွေကတော့ ရောဂါဖြစ်ပြီဆိုရင်ဦးခေါင်းဟာထုံကျင်လာပြီးတော့ကိုက်ခဲနာကျင်တာမျိုးဖြစ်တက်ပါတယ်။ဦးရေပြား၊လည်ပင်းနဲ့၊ဇာတ်ကျောတွေထုံကျင်လာမျိုး၊ကိုက်ခဲလာတာမျိုးတွေဖြစ်တက်ပါတယ်။
 
ရောဂါဖြစ်လာပြီဆိုရင် မိမိရဲ့နေ့တဒူဝအလုပ်တွေကိုထိခိုက်လာပြီဆိုရင်တော့ဆရာဝန်နဲ့ပြသပေးဖို့လိုအပ်ပါတယ်။ခဏတာနာကျင်မှုအတွက်ကိုတော့ဆေးကိုသောက်ပြီးတော့ရောဂါကနာတာရှည်ဖြစ်လာတဲ့အခါမှာအကိုက်အခဲပျောက်ဆေးတွေကိုစွဲပြီးသောက်နေရပြီဆိုရင်တော့ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။တစ်ချို့ခေါင်းကိုက်ရောဂါအခံရှိတဲ့သူတွေမှာဆိုရင်လည်းဆရာဝန်နဲ့ပြသသင့်ပါတယ်။တစ်ခါတစ်ရံမှာ ဦးနှောက်မှာအကျိတ်တည်ခြင်း၊သွေးကြောကျဉ်းလာခြင်းတွေမှာလည်းခေါင်းကိုက်ရောဂါမျိုးတွေဖြစ်တက်ပါတယ်။
 
အဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။ခေါင်းကိုက်ခြင်းဟာရုတ်တရက်ပြင်းထန်စွာကိုက်လာမယ်ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။တစ်စုံတစ်ခုခုနဲ့ ထိခိုက်မှုဖြစ်တဲ့အခါမှာ ခေါင်းကိုက်ရောဂါပိုပြီးဆိုးလာမယ်ဆိုရင်ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။များသောအားဖြင့်လူနာတွေကခနတာခေါင်းကိုက်တာအတွက်ကိုဆရာဝန်နဲ့ပြသလေ့မရှိပဲ နီးစပ်ရာမှာအကိုက်အခဲပျောက်ဆေးတွေဝယ်ပြီးသောက်လေ့ရှိပါတယ်။
 
ဒီလိုသုံးစွဲမှုတွေကခနတာကိုက်ခဲမှုတွက်ကိုသက်သာပေမယ့်ပြင်းထန်တဲ့ခေါင်းကိုက်ရောဂါအတွက်တော့မသက်သာနိုင်ပါဘူး။စိတ်ပင်ပန်းမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ရောဂါကိုပျောက်ကင်းဖို့အတွက်ကြိုတင်ကာကွယ်မှုတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။စိတ်ဖိစီးမှုတွေကိုလျော့ချပေးရမယ်။အိပ်ရေးဝဝအိပ်ရမယ်။အပြည့်အဝအနားယူပေးသင့်ပါတယ်။
 
ရေနွေးနဲ့ရေချိုးပေးခြင်းတို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ခေါင်းကိုက်တဲ့နေရာ၊နာကျင်တဲ့ကြွက်သားတွေအကုန်လုံးကိုရေနွေးလေးနဲ့ကပ်ပေးခြင်း၊ရေအေးနဲ့ကပ်ပေးခြင်းတို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။အပ်စိုက်ကုသခြင်း၊နှိပ်နယ်ခြင်းနဲ့အသက်ကိုရှူသွင်း ၊ရှူထုတ်ခြင်း ပြင်းပြင်းထန်ထန်လုပ်ပေးခြင်း လေ့ကျင့်ခန်းတွေကိုပြုလုပ်ခြင်းဖြင့်ခေါင်းကိုက်ရောဂါကိုသက်သာအောင်ကာကွယ်ပေးနိုင်ပါတယ်။

06 Aug 2015     1,789 Views




RELATED

Most Popular of Health Fix

Most Popular of Life Style