BEC-TERO TV

လေယာဉ်ပျက်ကျခဲ့မှုကြောင့် Lion Air မှ နည်းပညာဒါရိုက်တာအား အလုပ်မှဖယ်ရှား

01 Nov 2018     1,457 Views


အင်ဒိုနီးရှား ဘတ်ဂျက်လေကြောင်းလိုင်း Lion Air ပျက်ကျခဲ့မှုတွင် တာဝန်ရှိသည့် နည်းပညာဒါရိုက်တာနဲ့ စက်မှုနည်းပညာရှင်အချို့ကို အလုပ်မှ ဖယ်ရှားကြောင်း အင်ဒိုနီးရှား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌါနမှ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီနေ့ကျွန်တော်တို့ Lion Air ရဲ့ နည်းပညာဒါရိုက်တာနဲ့ စက်မှုပညာရှင်အချို့ကို အစားထိုးသွားမှာဖြစ်ပြီး လက်ရှိအလုပ်လုပ်နေကြတဲ့ အင်ဂျင်နီယာတွေနဲ့ လက်တွဲသွားကြမှာပါ” ဟု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး “ဘူဒီကာရ ဆူမာဒီ” က ပြည်တွင်း မီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

အလုပ်မှဖယ်ရှားမှုဟာ ယာယီလား၊ အမြဲတမ်းလာဆိုတာကိုတော့ ရှင်းလင်းစွာ မသိခဲ့ရပါဘူး။Lion Air ရဲ့ အကြီးအကဲဖြစ်သူ “မစ္စတာ အက်ဒ်ဝပ် ဆာရိတ်” ကတော့ ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်အမိန့်ကို သူမသိရှိရသေးဘူးလို့ ရိုက်တာသတင်းဌါနကို ဖြေကြားထားပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က Lion Air လေယာဉ်ခရီးစဉ်အမှတ် JT610 ဟာ ဘိုးရင်း 737 Max 8 လေယာဉ် အသစ်ကြီးဖြစ်ပြီး လေဆိပ်မှ ပျံသန်းထွက်ခွာပြီး ၁၃ မိနစ်ခန့်အခါမှာ ကမ်းရိုးတန်းနဲ့ ၉ မိုင်အကွာ ဂျာဗားပင်လယ်ထဲသို့ နည်းပညာပြသနာကြောင့် ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၈၉ ဦး ပါသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်တဲ့ အခြေအနေဖြစ်ပွားခဲ့ပါတယ်။


01 Nov 2018     1,457 Views




RELATED

Most Popular of International News

Most Popular of NEWS