BEC-TERO TV

ဆံပင်အလယ်ခွဲ(စာအုပ်ကေ)နဲ့ အထာကျတဲ့ ကိုးရီးယားမင်းသားများ

01 Nov 2018     6,572 Views


ဆံပင်အလယ်ခွဲ ဒီဇိုင်းဟာဆိုရင် ယခုလတ်တလော ကိုးရီးယားလူငယ်များကြားမှာရေ ပန်းစားလျက်ရှိပါတယ်။ တောင်ကိုးရီးယားမှာဆိုရင်တော့ဖြင့် (half:half) သို့မဟုတ် (5:5) ဒီဇိုင်းလို့ခေါ်ကြပါတယ်။ စာအုပ်ကေ လို့လဲခေါ်ကြပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်အစောပိုင်းကာလတွေမှာတော့ ဆံပင်အလယ်ခွဲပုံစံကို ကြောင်တောင် တောင်နိုင်တယ်၊ အပေါစားဆန်တယ်လို့ပြောကြပေမယ့်အ ခုနောက်ပိုင်းမှာတော့ အရမ်းကိုရေပန်းစားနေတဲ့ ဆံပင်ပုံစံပဲဖြစ်ပါတယ်။

ဘာကြောင့်လို့ထင်ပါသလဲ??

ဟုတ်ပါတယ်….သူတို့ကြောင့်ပါ ဆံပင်အလယ်ခွဲပုံစံနဲ့လဲ အထာကျတယ်ဆိုတာကို ပြသခဲ့တဲ့ကိုကိုတို့ကြောင့်ရေပန်းစားလာရတာပါ။ ဆံပင်အလယ်ခွဲပုံစံဟာ ယောင်္ကျားတစ်ယောက်ရဲ့ နူးညံ့ညင်သာတဲ့သွင်ပြင်ကိုပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတာကြောင့် ယခုလို သစ်ရွက်ဝါတွေ ကြွေတဲ့ဆောင်းဦးရာသီနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံလေးဆိုလဲမမှားပါဘူး။ ခုနောက်ပိုင်းမှာသရုပ်ဆောင်မင်းသား တော်တော်များ များကလဲ ဆံပင်အလယ်ခွဲပုံကို ထားရှိတာများလာတာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားနေတယ်ဆိုတာလဲမဆန်းပါဘူး။

ကဲ ဆံပင်အလယ်ခွဲနဲ့အထာကျနေတဲ့ကိုကိုတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

၁။ ပါ့ခ်ဘိုဂွန်မ်(Park Bo Gum)

သူလေးကတော့ မမ ဖန်တွေရဲ့ အသဲစွဲမောင်လေး ပါ့ခ်ဘိုဂွန်မ်ပါပဲ။ ဘိုဂွန်မ်ကတော့ ဘယ်ဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်ပေမယ့် သူနဲ့ အလိုက်ဖက်ဆုံးကတော့ ဆံပင်အလယ်ခွဲပါပဲတဲ့။

၂။ ဂေါင်ယူ(Gong Yoo)

ဒီစာအုပ်ကေ ဆံပင်ကေ ကို မင်းသား ဂေါင်ယူ ကစခဲ့တယ်လို့ပြောရမလားပဲ။ သူ Goblin ဇာတ်လမ်းတွဲမှာ ဆံပင်အလယ်ခွဲနဲ့ ပေါ်မလာခင်အချိန်ထိတော့ လူတော်တော် များများက ထိုကဲ့သို့သောဆံပင်ပုံစံမျိုးကို စိတ်ဝင်စားတဲ့ပုံမပေါ်ကြပါဘူး။ ဒီဇာတ်လမ်းမှာ နှစ်ပေါင်း ၉၀၀ ကျော်အထိ သူ့ရဲ့သတို့သမီးကိုစောင့်စားနေခဲ့တဲ့ နတ်ဘုရားရဲ့ ကြီးကျယ်မြင့်မြတ်မှုအသွင်အပြင်ကို ပေါ်လွင်စေတဲ့နေရာမှာလဲ ဆံပင်အလယ်ခွဲပုံစံက တစ်စိတ်တစ်ပိုင်းကပါဝင်လို့နေပါတယ်။

၃။ ပတ်ဆောဂျွန်(Park Seo Joon)

၂၀၁၅ ခုနှစ် MBC ရုပ်သံလိုင်းမှာထုတ်လွှင့်ခဲ့တဲ့ Kill Me, Heal Me ဇာတ်လမ်းတွဲမှာ ပတ်ဆောဂျွန်ဟာ ဆံပင်အလယ်ခွဲပုံစံနဲ့ထွက်ပေါ်လာခဲ့ပါတယ်။ ယောင်္ကျားပီသတဲ့ ဇာတ်ရုပ်တွေကိုပဲ သရုပ်ဆောင်လေ့ရှိတဲ့ ပတ်ဆောဂျွန်ဟာထို ဇာတ်လမ်းတွဲမှာတော့ ဆံပင်အလယ်ခွဲနဲ့ တက်ကြွတဲ့လူငယ်လေးအသွင် ချစ်စဖွယ်သရုပ်ဆောင်ထားပါတယ်။

၎။ ပတ်ဟေဂျင်း(Park Hae Jin)

မင်းသာ ပတ်ဟေဂျင်းကတော့ Doctor Strange ဇာတ်လမ်းတွဲမှာ ဆံပင်အလယ်ခွဲပုံစံ နဲ့ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဆံပင်ပုံစံက သူ့ကိုပိုမို နုပျိုသွားစေသလိုမျိုးတောင် ခံစားရစေပါတယ်။


၅။ လီဂျောင်ဆော့(Lee Jong Suk)

ဇာတ်လမ်းတွဲတစ်မျိုးမှာတင် ဆံပင်ပုံစံအမျိုးမျိုးပြောင်းတတ်တဲ့ မင်းသား လီဂျောင်ဆော့ ကလဲ Pinocchio ဇာတ်လမ်းတွဲမှာ ဆံပင် အလယ်ခွဲပုံစံကို ထားရှိခဲ့ပါတယ်။ မျက်နှာပုံစံသေးသွယ်တဲ့ ဂျောင်ဆော့ရဲ့ အသွင်အပြင်နဲ့ ဆံပင်အလယ်ခွဲပုံစံဟာလဲ ပနံသင့်စွာ လိုက်ဖက်လွန်းလှပါတယ်။

၆။ နမ်ဂျူဟွတ်ခ်(Nam Joo Hyuk)

နမ်ဂျူဟွတ်ခ်ဟာလဲ “အလေးမနတ်သမီး ကင်မ်ဘုတ်ဂျူ” (weight lifting fairy Kim Bok Ju) ဇာတ်လမ်းတွဲမှာ ဆံပင်အလယ်ခွဲကေ နဲ့ပေါ်ထွက်လာတာပါ။ Bride of water god (ရေနတ်သားရဲ့ သတို့သမီး) ဇာတ်လမ်းတွဲမှာလဲ အလယ်ခွဲ ပုံစံနဲ့ပါပဲ။ Water God ဇာတ်လမ်းတွဲမှာဆိုရင် သူ့ရဲ့ ရှည်လွန်းတဲ့အရပ်နဲ့ တည်ကြည်တဲ့ ကိုယ်ဟန်အနေ အထားတို့ ကို ဆံပင်အလယ်ခွဲပုံစံနဲ့ပေါင်းစပ်လိုက်တော့ ကြီးကျယ်မြင့်မြတ်တဲ့ ရေနတ်သားရဲ့ အသွင်အပြင်ကိုထပ်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။


01 Nov 2018     6,572 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment