BEC-TERO TV

ခံတွင်းကင်ဆာရောဂါအကြောင်းသိကောင်းစရာ

06 Aug 2015     1,623 Views


ပါးစပ်ကင်ဆာ၊ခံတွင်းကင်ဆာဟာ ခန္ဓာကိုယ်မှာရှိတဲ့နှုတ်ခမ်း၊လျှာ၊အာဂေါင်၊သွားဖုံး၊ ပါးဆောင်တွင်းတွေမှာဖြစ်တက်တဲ့ကင်ဆာအမျိုးအစားပဲဖြစ်ပါတယ်။ပါးစပ်ကင်ဆာကဆိုရင် ဦးခေါင်းကင်ဆာ၊လည်ချောင်းကင်ဆာတွေလိုပဲပြင်းထန်တဲ့ကင်ဆာအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ပါးစပ်ကင်ဆာရောဂါကဆိုရင်ပါးစပ်မှာအနာဖြစ်တက်ပါတယ်၊ အဲ့အနာကမကျက်ပဲဖြစ်နေတက်ပါတယ်။ပါးစပ်မှာအဖြူကွတ်တွေ  အနီကွတ်တွေဖြစ်တာမျိုးလည်းဖြစ်တက်ပါတယ်။
 
သွားတွေပျက်စီးလာမယ်။သွားတုတပ်ဖို့လည်းခက်ခဲလာမယ်။မေးရိုးတွေနာကျင်လာတာမျိုး၊မေးခိုင်လာတာမျိုးလည်းဖြစ်တက်ပါတယ်။အစားစားတဲ့အခါမှာနာကျင်လာတာမျိုး၊မျိုချတဲ့အခါမှာအခက်အခဲရှိတာမျိုးတွေဖြစ်လာနိုင်ပါတယ်။လည်ပင်းနာတာမျိုး၊ ချောင်းဆိုးတဲ့အခါမှာလည်းလည်ပင်းမှာတစ်စုံတစ်ခုတစ်နေသလိုမျိုးခံစားရတာမျိုးတွေဖြစ်တက်ပါတယ်။ဒီလိုရောဂါလက္ခဏတွေက နှစ်ပတ်ထက်ပိုပြီးဖြစ်ခဲ့မယ်ဆိုရင်တော့ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးတော့ကုသမှုကိုခံယူသင့်ပါတယ်။များသောအားဖြင့်ဆေးရွက်၊ဆေးလိပ်၊ဆေးတံသောက်တဲ့သူတွေမှာအဖြစ်များတာတွေ့ရတက်ပါတယ်။
 
အရက်ကိ်ုအလွန်အကျွံသောက်တဲ့သူတွေမှာလည်းတွေ့ရတက်ပါတယ်။ရောဂါဖြစ်တဲ့နေရာကအသားစကိုယူပြီးစစ်ဆေးမှုပြုလုပ်နိုင်ပါတယ်။ပါးစပ်ကင်ဆာမှာအဆင့်(၄)မျိုးရှိပါတယ်။ပထမဆုံးအဆင့်ကတော့အနိမ့်ဆုံးဖြစ်ပါတယ်။အဆင့်(၄)ကတော့အဆိုးရွားဆုံးဖြစ်ပြီးတော့ ဒီအဆင့်ရောက်နေပြီဆိုရင်တော့ကင်ဆာဆဲလ်တွေကခန္ဓာကိုယ်မှာရှိတဲ့တခြားနေရာတွေ လည်ပင်းတွေဦးခေါင်းတွေထိကိုပျ့ံနှံ့နေပါပြီ။ရောဂါကိုကုသတဲ့အခါမှာဆရာဝန်နဲ့သေချာတိုင်ပင်ပြီးတော့ကုသမှုကိုခံယူသင့်ပါတယ်။
 
ဒီရောဂါဟာခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။ဒီရောဂါကတော့အပြည့်အဝကာကွယ်လို့မရပါဘူး။ဆေးလိပ်တွေ၊ဆေးရွက်ကြီးတွေသောက်တာကိုရှောင်ကြဉ်သင့်ပါတယ်။သွားဆရာဝန်တွေနဲ့လည်းပုံမှန်စစ်ဆေးမှုကိုပြုလုပ်ပေးသင့်ပါတယ်။နှုတ်ခမ်းပေါ်ကို နေရောင်ခြည်အချိန်အကြာကြီးကျရောက်မှုမဖြစ်အောင်လည်းကာကွယ်ပေးသင့်ပါတယ်။

06 Aug 2015     1,623 Views




RELATED

Most Popular of Health Fix

Most Popular of Life Style