BEC-TERO TV

ဟာသသရုပ်ဆောင် “ကစ်ကစ်” ကျောက်ကပ်အခြေနေဆိုးရွား အဆိုတော် “ခင်သဇင်” ကူညီနေ

02 Nov 2018     1,420 Views


မြန်မာ့ရုပ်ရှင်လောကမှာ ဟာသ သရုပ်ဆောင် ကစ်ကစ် ကို မသိတဲ့သူ မရှိပါဘူး။ သူမရဲ့ ဟာသသရုပ်ဆောင်ပညာတွေကြောင့် ဘဝအမောတွေ ပြေခဲ့ကြဖူးပါတယ်။ အခုတော့ သရုပ်ဆောင် ကစ်ကစ် ဟာ ကျောက်ကပ်ဝေဒနာကို အကြီးအကျယ်ခံစားနေရပြီး လမ်းမလျှောက်နိုင်၊ လှဲအိပ်လို့တောင် မရတဲ့အခြေအနေနဲ့ ခက်ခဲပင်ပန်းစွာ သူမရဲ့နေအိမ်မှာပဲ ဖြတ်ကျော်နေရပါတယ်။

ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ကြာပြီဖြစ်သလို သမီးဖြစ်သူမှာလည်း နှလုံးရောဂါဝေဒနာသည်မို့ သားအမိနှစ်ဦးထဲ အိမ်လေးထဲမှာ အပြန်အလှန်ဖေးမရင်း အလှူရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နေကြရပါတယ်။

မကစ်ကစ် ကို အမြဲတမ်းသွားရောက်လှူဒါန်းနေတဲ့ အဆိုတော် သရုပ်ဆောင် ခင်သဇင်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တစ်ခါရောက်သွားချိန်မှာတော့ မကစ်ကစ် ရဲ့ ကျောက်ကပ်အခြေအနေဟာ အတော်လေးဆိုးရွားနေတာကို ဆေးစာတွေမှာ တွေ့ခဲ့ရပြီး ကျောက်ကပ်အစားထိုးပေးဖို့ သူမရဲ့ သူငယ်ချင်း ဆရာဝန်နဲ့ တိုင်ပင်ခဲ့ကြပြီး ကျောက်ကပ်အလှူရှင်ကို ရှာဖွေနေပါတယ်။

ဒီအကြောင်းနဲ့ ပက်သက်ပြီး ခင်သဇင် က သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

တနေ့က ဟာသ သရုပ်ဆောင် မကစ် ရဲ့ကျောက်ကပ် ရောဂါ အခြေအနေကို ကျွန်မရဲ့ MBA ကျောင်းတုန်းက ဆရာဝန် သူငယ်ချင်းနှစ်ယောက်နဲ့ တိုင်ပင်ပြီး လေ့လာ ဆွေးနွေးအကြံပြု

အခါတိုင်းလိုပဲ အလှူငွေလေး ထည့်ပြီး ပြန်လာဖို့ စိတ်ကူးနဲ့ပါပဲ။

ဒါပေမယ့် ဟိုရောက်တော့ မကစ် အခြေအနေက တော်တော်ကို ဆိုးရွားနေတာ တွေ့ရတယ်

ပုံပါအတိုင်းကို တကိုယ်လုံး ရောင်ကိုင်းပြီး အရေပြား တွေကပေါက်ထွက်တော့မယ်

ကုတင်ပေါ်မှာ ငုတ်တုတ်ကြီး ဝဠ်ခံနေရတယ်၊ ယောက်ျားကလည်း ဆုံးသွားတာ ကြာပြီ

သမီးလေးကလည်း နှလုံးရောဂါ သည်လေး။

ဟိုးတနေ့က သမီးဖြစ်သူက ရေချိုးခန်းထဲ မူးမေ့လဲကျ

အမေလုပ်သူက ကုတင်ပေါ်ကနေ လမ်းဆင်းလျှောက်မရ ဖောရောင်နေတော့

ဒုကခ တွေ ဆိုတာ မိုးနဲ့မြေ အပြည့်ဆိုသလိုပဲ ကြားရသူ အပေါင်း စိတ်နှလုံး ချုံးချုံး ကျချင်ဖွယ်ရာ

အဲဒါနဲ့ချက်ချင်း အဲရောက်ပြီး Plan ပြောင်းသွားတယ် ဆေးစာရွက်တွေ ကြည့်ပြီး ဆရာဝန် သူငယ်ချင်း နှစ်ယောက်က သူ့ကို ကျောက်ကပ် တခါတည်း လဲလိုက်ဖို့ တိုက်တွန်းတယ်။

ကျောက်ကပ်ကို ဆေးနေမယ်ဆိုရင် တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်နေရမယ်

အကြိမ်ပေါင်း ရာချီ လုပ်ရမယ်၊ လာလှူသမျှငွေ လောက်မှာ မဟုတ်၊ အရှင်းလည်း တသတ်လုံး ပျောက်မှာ မဟုတ်ဘူးပေါ့။

အလုပ်ပြန်လုပ်လာနိုင်လို့ ငွေပြန်ရလာရင်တောင် ဒီ ကျောက်ကပ် ဆေးဆေးနေရတဲ့ ငွေ နဲ့တင် ပြန်ကုန်မယ်။ ဒါနဲ့ တထိုင်တည်း တိုင်ပင်ပြီး ကျောက်ကပ် အစားထိုးကုဖို့ မကစ်ကို ဝိုင်းဝန်း နားချ ဖြောင့်ဖျ ခဲ့လိုက်တယ်။

ဒါပေမယ့် မကစ်က ငွေမရှိနေတော့ မခွဲရဲဘူးဖြစ်နေတယ်၊ စိတ်ဓာတ်တွေလည်း အောက်ဆုံးအထိ ထိုးကျနေတယ်၊ ကျောက်ကပ် အစားထိုးမှကို ရတော့မှာပါ။ အခြေအနေကလည်း အဲလိုမှ မလုပ်ရင် သက်ဆိုး မရှည်နိုင်တော့ပါဘူး။

(ငယ်ငယ်က အချိုတွေ မတရား စားခဲ့ မိလို့တဲ့ ကျောက်ကပ် ပျက်စီးသွားရတာတဲ့ )

ပက်လက်တောင် လှဲ အိပ်လို့ မရတော့ဘူး ဗိုက်ထဲက အရည်တွေက လှဲလိုက်ရင် အဆုတ်ထဲဝင်တော့ အဆုတ် အအေးပတ် ချောင်းတွေ ဆိုးတယ်တဲ့၊ ဒါတွေ လုပ်ဖို့ဆို ကျောက်ကပ် အလှူရှင် အရေးတကြီးလိုအပ်နေပါပြီ။

သွေးအမျိုးအစား B ဖြစ်ရပါမယ်၊ အခုတော့ ခွဲစိတ် ဆရာဝန်ကြီးတစ်ယောက်ရဖို့ အမြန်လိုက်စုံစမ်းနေပါတယ်။ အလှူငွေနဲ့ ခွဲစိပ်ရမှာမို့ အစိုးရ ဆေးရုံတစ်ခုခုမှာဆို ပိုအဆင်ပြေမယ်ထင်ပါတယ်။ ကုန်ကျစရိတ်က တော့ သိန်းရာချီ ကျမယ်ဆိုတာလောက်ပဲ ခန့်မှန်းနိုင်ပါတယ်။

ကျွန်မတို့လည်း စုံစမ်းတုန်းဆိုတော့ သေချာ မသိရသေးပါဘူး ၊အလှူငွေကလည်း တပြားမှ မရှိသေးတဲ့ အတွက် ခွဲစိတ်ဖို့ လုံးဝ အထမြောက်သွားပြီ သေချာသွားပြီ ဆိုရင် စတင် အလှူခံပါမယ်နော်

(အခုတော့ အလှူမခံသေးပါဘူးရှင်)

ဒီစာကိုဖတ်ရသူများ comment အောက်တွင် ရောဂါ အကြောင်း သိသူများရှိခဲ့လျှင် လာရောက် အကြံပေး ဆွေးနွေးစေလိုပါတယ်။ ကျောက်ကပ် အလှူရှင်လည်း ကူညီရှာပေးစေလိုပါတယ်

အကူအညီ တစုံတရာရလိုရညား ကူညီ၍ လည်း share ပေးစေလိုပါတယ်။


ကျေးဇူးတင်ပါတယ်ရှင်

@ခင်သဇင်


02 Nov 2018     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS