BEC-TERO TV

ရုပ်ရှင်သရုပ်ဆောင်လုပ်တော့မယ် ဆိုတဲ့မျိုးစန္ဒီကျော်ရဲ့ သမီးလေး

02 Nov 2018     1,482 Views


သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ အမျိုးသားဖြစ်သူနဲ့အိမ်ထောင်ကွဲပြီး သမီးလေးတစ်ယောက် ကျန်ရှိခဲ့ပါတယ်။ ဒီသမီးလေးကိုချစ်ပေးတဲ့အတွက် ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်တဲ့။ အခုလက်ရှိမှာတော့ မူကြို တက်နေဆဲဖြစ်တဲ့ သမီးလေး အိမ်စည်မြင့်မိုရ်ကျော်(ခ) Jewel (ဂျူဝယ်) ရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးတွေ ကြောင့် ဇာတ်ကားများရိုက်ဖို့ ကမ်းလှမ်းလာတာမျိုးတွေရှိနေပြီဖြစ်ပါတယ်။

သမီးလေးကလဲ အနုပညာကို ဝါသနာပါပါတယ်တဲ့။ ချစ်ဖို့ကောင်းတဲ့သမီးလေးကို ရုပ်ရှင်ကားကြီးတွေရိုက်ဖို့တောင် ချိတ်ထားတာတွေလဲရှိနေပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ အမေရော သမီးပါ ရုပ်ရှင်ကားကြီးရိုက်ဖို့ ရှိပါတယ်တဲ့။ ကလေးကအရမ်းငယ်သေးတဲ့အတွက် “သူမလုပ်နိုင်မှာစိုးလို့ အစ်မကိုယ်တိုင် သူ့ကိုအထောက်အကူပြုအောင်လို့ သရုပ်ဆောင်အလုပ်ကို ပြန်လုပ်နေပါပြီ” လို့ သူမက ပြောထားပါတယ်။ သမီးလေးနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေလဲရိုက်ဖို့ရှိပါတယ်တဲ့။

“အနုပညာပိုးက အစ်မတို့ရဲ့ သွေးထဲမှာရှိနေတော့ ဘယ်ချိန်ရိုက်ရိုက်ပြန်ရိုက်ချင်တယ်။ ကလေးကိစ္စတွေနဲ့ရှုပ်နေတော့ မအားတာနဲ့မရိုက်ဖြစ်ဘူး။ ကလေးငယ်သေးလို့မရိုက်ဖြစ်တာလဲပါတာပေါ့။ အခုသမီးက သူ့ဟာသူလဲကျောင်းတက်နေပြီး အဆင်ပြေနေပြီဆိုတော့ အနုပညာကို ဘယ်ချိန်ပြန် လုပ်ရလုပ်ရပျော်တယ်။ အခုပြန်လုပ်ရမယ်ဆိုရင်တော့ နည်းနည်းတော့ရင်ခုန်တာပေါ့”  ဟုဆိုပြီး သူမရဲ့ အနုပညာရင်ခုန်သံတွေကို ဝေမျှထားပါတယ်။


02 Nov 2018     1,482 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS