ဇနီးဖြစ်သူကို ထမင်းချက်ခိုင်း၍ ညီဖြစ်သူကို ရဲတင်းဖြင့်ခုတ်
05 Nov 2018 1,658 Views

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်တွင် နိုဝင်ဘာလ ၃ ရက် ညပိုင်းက အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ထမင်းချက်ခိုင်းသည့် အသက် ၄၂ နှစ်အရွယ် ညီကို ၎င်း၏အစ်ကိုအရင်းဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရဲတင်းဖြင့်အခုတ်ခံရသူမှာ အမျိုးသားမှာ အခင်ဖြစ်သည့်ညက နေအိမ်တိုက်ခန်းတွင်း ရှိနေစဉ် မရီးဖြစ်သူကို ထမင်းအိုး ဝိုင်းကူချက်ပေးရန်ပြောဆိုသောကြောင့် အသက် ၄၅ နှစ်အရွယ် အစ်ကိုဖြစ်သူက ကိုယ်ဝန်သယ် ဇနီးအား ခိုင်းစေသည့် ကိစ္စဖြင့် မကျေနပ်၍ ခြေထောက်ဖြင့်ကန် ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း အမှုဖွင့် တိုင်တန်းချက် အရသိရသည်။
အစ်ကိုဖြစ်သူက က ရဲတင်းဖြင့် ခုတ်ခဲ့သောကြောင့် ဦးခေါင်းနှင့်ရင်အုံတွင် ပြတ်ရှ ဒဏ်ရာများ ရရှိ၍ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။ ဒဏ်ရာများ ရရှိအောင်ပြုလုပ်သည့် အမျိုးသားအား ဖမ်းဆီးပြီး သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆/၄၂၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
crd ; thevoice







