BEC-TERO TV

သူမရဲ့ အားနည်းချက်တစ်ခုကို ထုတ်ပြောပြလိုက်တဲ့ အဆိုတော်ပိုပို

05 Nov 2018     1,944 Views


အသဲကွဲသီချင်းတွေကိုမှ ဆွေးဆွေးမြည့်မြည့်ပိုင်ပိုင်နိုင်နိုင်သီဆိုကာ သီချင်းကောင်းလေးတွေနဲ့ လူကြီး၊ လူငယ် ပရိသတ်တွေရဲ့ရင်ထဲကို ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့တဲ့ အဆိုတော်ပိုပိုကတော့ ဂီတလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကထဲဝင်စက ၀ခဲ့ပေမယ့် Gym ဆော့ကာ ၀ိတ်ချလိုက်ပြီးနောက် ဖက်ရှင်စတိုင်တွေကအစ ကြွေကျရလောက်အောင်ပြောင်းလဲလှပသွားတဲ့သူမကတော့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့ အသဲနှလုံးကိုဖမ်းစားထားနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။ အမိုက်စားဆံပင်ကာလာလေးကို change ကာ ဘိုမရုပ်လေးလို လှပနေသူလေးပိုပိုကတော့ အလန်းစားဖက်ရှင်တွေကို ၀တ်ဆင်ကာ အမြဲလန်းနေတာပဲဖြစ်ပါတယ်။

ယနေ့မှာတော့ ပိုပိုက သူမရဲ့အားနည်းချက်လေးတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူမမှာလဲ အားနည်းချက်ရှိနေရတဲ့အကြောင်းကို ရင်ဖွင့်ရင်း သူမရဲ့အားနည်းချက်ကို ထုတ်ဖော်ရေးသားလိုက်တာပဲဖြစ်ပါတယ်။ ပိုပိုပြောပြတဲ့ သူမရဲ့အားနည်းချက်ကတော့ “ကိုယ်ဘာလုပ်လုပ် Hot နေတာက အားနည်းချက်ပါ” ဆိုပြီး ကျီစယ်ရေးသားလိုက်တာပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေမပျင်းအောင်လဲ စနောက်တတ်သူလေးပါပဲနော်...

ပိုပိုဟာ အမိုက်စားသီချင်းသံစဉ်တွေကို ဖန်တီးရင်း အသစ်သစ်သော ခံစားမှုရသတို့ကို ပရိသတ်တွေကိုပေးစွမ်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းပေါင်းများစွားရှိပြီး သူမသီဆိုထားတဲ့သီချင်းတိုင်းကလဲ ပရိသတ်တွေကြား လက်ခံအားပေးမှုမြောက်များစွာကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့ “Master Piece” သီချင်းအယ်ဘယ်ကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့ပါသေးတယ်....


05 Nov 2018     1,944 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment