BEC-TERO TV

သူငယ်ချင်း ကောင်မလေးကို ရည်းစာစာပေးဖူးတယ်ဆိုတဲ့ သဲနော်ဇာ

05 Nov 2018     1,804 Views


မော်ဒယ် သဲနော်ဇာဟာ အစအနောက်သန်တဲ့မိန်းကလေးတစ်ယောက်ပါတဲ့။ ဘယ်လောက်ထိအစအနောက်သန်လဲဆိုရင် သူမ ငယ်ငယ်က သူငယ်ချင်းမိန်း ကလေးတွေကို ယောင်္ကျားလေး လက်ရေးနဲ့ တူအောင်ရေးပြီး ရည်းစားစာပေးခဲ့ဖူးပါတယ် ဆိုတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ သူမက ဖြေကြားထားပါတယ်။

အနုပညာအလုပ်တွေလုပ်နေရတဲ့အတွက် သူငယ်ချင်းတွေနဲ့ အမြဲတွေ့နေဖို့အချိန် သိပ်မရှိပါဘူးတဲ့။ Messenger ကနေပဲသူငယ်ချင်းတွေနဲ့ Chat ဖြစ်ပါတယ်လို့ သူမက ပြောကြားထားပါတယ်။ သူငယ်ချင်းတွေတော်တော်များများက အိမ်ထောင်ကျနေပြီဖြစ် ပေမဲ့ သူမကတော့ တစ်ကိုယ်တည်းအပျိုကြီးပါပဲတဲ့။ သူငယ်ချင်းကလေးအမေတွေ တွေ့ဆုံတဲ့အခါကျရင် သူမက အပျိုကြီးဖြစ်တဲ့အတွက် ကြားထဲက ကိုးလို့ ကန့်လန်ဖြစ်နေတတ်တယ်လို့ဆိုထားပါတယ်။

“ကျောင်းတက်တုန်းကလဲ သူငယ်ချင်းတွေမသိအောင် လွယ်အိတ်ထဲမှာ တို့ စာရေးခုံမှာတို့ရည်းစားစာတွေ သွားတင်ထားတယ်။ ပြီးမှသူတို့ ရင်ခုန်စိတ်လှုပ်ရှားနေပြီ ဆိုမှ အဲ့ဒါငါပါ ငါရေးထားတာ”ဆိုပြီးသူမက နောက်လေ့ရှိပါတယ်တဲ့။

သူမကျောင်းတက်ခဲ့ရတဲ့ ကာလတစ်လျှောက်လုံးမှာ ၆ တန်းကိုအပျော်ဆုံးပါပဲတဲ့။ စာသိပ်မလုပ်ရသေးတဲ့အတန်းဖြစ်တာမို့ ပိုပျော်တယ်လို့ သူမက ပြောထားပါတယ်။ အခွင့်သာရင်တော့ သူငယ်ချင်းများနဲ့ အရင်လို ပျော်ပျော်ရွင်ရွင် သွားလာစားသောက်ချင်ပါသေးတယ် လို့ သူမက ပြောထားပါတယ်။


05 Nov 2018     1,804 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS