BEC-TERO TV

ဇာတ်မြင့်သူရဲ့ ကာမဆန္ဒကို ငြင်းပယ်လို့ ၁၃ နှစ်သမီး ခေါင်းဖြတ်သတ်ခံရ

05 Nov 2018     2,019 Views


အိန္ဒိယနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား သူမထက် မျိုးရိုးမြင့်မားသူ(ဇာတ်မြင့်)သူ အိမ်နီးချင်းအမျိုးသားက အတူအိမ်ရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် တံစဉ်းဖြင့် ခေါင်းဖြတ် သတ်သတ်ခံခဲ့ရသည်။

ပြည်တွင်းသတင်းတွင်ဖော်ပြချက်အရ တမီလ်နာဒူးပြည်နယ်အတွင်းရှိ ရွာငယ်လေးတွင် “ဒီနက်ရှ်ကူးမား” ဆိုသူ အမျိုးသားက အိမ်နီးချင်း ၁၃ နှစ်အရွယ်ကောင်မလေးကို အတူအိပ်ရန် တောင်းဆိုရာ လက်မခံသဖြင့် လယ်ယာသုံး တံစဉ်းဖြင့် ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

ကလေးမလေးမှာ အနီးနားရှိကျောင်းတွင် ကျောင်းတက်နေသူဖြစ်ပြီး “ကူမား” က သူမကို တွေတိုင်း အတူအိမ်ချင်တယ်ဟု အကြိမ်ကြိမ်တောင်းဆိုကြောင်း၊ သူမကလည်း အကြိမ်ကြိမ်ငြင်းပြီး ဒီကိစ္စကို မိခင်ဖြစ်သူထံ တိုင်ဖူးကြောင်း၊ သိုသော် သူတို့မိသားစုမှာ သာမန်လက်လုပ်လက်စားများဖြစ်ပြီး “ကူမား” ထက်လည်း မျိုးရိုးနိမ့်ပါးကြသူများ ဖြစ်သဖြင့် မည်သို့မျှ တုံ့ပြန်ခြင်းမရှိခဲ့။

လက်ရှိမှာ “ကူမား” ကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း “ကူးမား” ဟာ စိတ်ရောဂါခံစားနေရသည်ဟု သံသယရှိကြောင်း ရဲအဖွဲ့က ပြောဆိုခဲ့ပါတယ်။


05 Nov 2018     2,019 Views




RELATED

Most Popular of International News

Most Popular of NEWS