BEC-TERO TV

ရင်သားထဲ ဆီလီကွန်ထည့်ထားကြောင်း ဖွင့်ဟ၀န်ခံလိုက်တဲ့ မော်ဒယ်စူးရှထက်

05 Nov 2018     1,604 Views


ချစ်သူဟောင်းနဲ့ အမှုအခင်းကိစ္စတွေဖြစ်ပျက်ပြီးနောက် လူထုပရိသတ်များကြား ဟိုးလေးတကျော်ရေပန်းစားနာမည်ကြီးလာခဲ့တဲ့ မော်ဒယ်စူးရှထက်ကတော့ သူမရဲ့ညှို့အားပြင်းတဲ့ ရှုဖွယ်အသွယ်သွယ်ကောက်ကြောင်းအလှတို့ကြောင့် ပုရိဿတွေရဲ့ဝန်းရံအားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။ Sexy ကျကျ အမိုက်စားဖက်ရှင်တွေကို ၀တ်ဆင်ကာ အလန်းစားပုံရိပ်တွေကို ရိုက်ကူးပြီး ယောကျာ်းထုကြီးကို ရင်တလှပ်လှပ်ဖြစ်အောင် ဖမ်းစားနိုင်လွန်းသူလဲဖြစ်ပါတယ်။

ဓာတ်ပုံမော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ စူးရှထက်ဟာ လက်ရှိမှာ ဓာတ်ပုံရိုက်၊ ပွဲတွေတက်၊ ရှိုးတွေလျှောက်ရင်း သူမ၀ါသနာပါရာ အနုပညာအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အားလပ်ချိန်များမှာလဲ ပရိသတ်တွေမပျင်းရအောင် အပျော်တမ်းဗီဒီယိုလေးတွေရိုက်ရင်း လူမှုကွန်ယက်ပေါ်မှာတင်လေ့ရှိတဲ့ စူးရှထက်တစ်ယောက် သူမရဲ့ လျှံထွက်ကာ ခြားနားနေတဲ့ ရင်အစိုင်ကြောင့် လူအများကြား ပြောစရာဖြစ်ခဲ့ရပါသေးတယ်။ Troller တွေရဲ့ troll လုပ်ခြင်းခံရသလို၊ ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရတဲ့ စူးရှထက်ဟာ အလှအပကိုမြတ်နိုးသူမိန်းကလေးတစ်ယောက်ပီပီ သူမရဲ့ရင်သားကို ဆီလီကွန်ထည့်ကာ ပြုပြင်ထားကြောင်း အင်တာဗျူးတစ်ခုကနေ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

သူမရဲ့ရင်သားကို ပြုပြင်မှုလုပ်ခဲ့တဲ့အကြောင်းကိုတော့ “လှချင်တယ်လေ၊ ပြီးတော့ ကိုယ်က နှလုံးရောဂါအခံရှိတော့ အသက်ရှူကျပ်တာ၊ မောတာတွေရှိတယ်။ အမှန်အတိုင်းပြောရရင် ဘရာမ၀တ်ချင်ဘူး။ ကိုယ့်ရင်သားကလဲ နဲနဲသေးတော့ ဆီလီကွန်လေးနဲနဲထည့်လိုက်တာ” ပါဆိုပြီး ဘရာမ၀တ်ချင်တာကြောင့် ရင်သားကို ဆီလီကွန်ထည့်ကာ ပြုပြင်ခဲ့ကြောင့် ဖွင့်ဟပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

ခွဲစိတ်ပြုပြင်လိုက်တာနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုအပြည့်ရှိကာ ကိုယ့်ကိုကိုယ်ပိုမိုယုံကြည်မှုရှိလာတယ်လို့လဲ ဆိုထားပါသေးတယ်။ ပြုပြင်ထားတာသိပ်မကြာသေးတာကြောင့် ရင်သားနှစ်ခုကခြားနားနေတာဖြစ်ပြီး နောက်ပိုင်းပုံကျသွားရင် အဆင်ပြေကြည့်ကောင်းလာပါလိမ့်မယ်လို့လဲ ပြောကြားသွားပါသေးတယ်။ ဒါ့အပြင် မျက်ရစ်နဲ့ နှာခေါင်းကိုလဲ ပြုပြင်မှုတွေလုပ်ချင်သေးတယ်လို့ ဆိုကာ သူမရဲ့တင်ပါးကတော့ အစစ်အမှတ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။ ကဲ… မော်ဒယ်စူးရှထက်ကတော့ ဘယ်ဟာအစစ်.. ဘယ်ဟာအတုလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီနော်….

Source_8day


05 Nov 2018     1,604 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS