BEC-TERO TV

အသက် ၂၀ အရွယ် ဂျပန်တိုက်ခိုက်ရေးသမား နှင့် ထိုးသတ်သွားမဲ့ မေဝယ်သာ

06 Nov 2018     1,923 Views


ကမ္ဘာ့လက်ဝှေ့ အကျော်အမော် ချန်ပီယံဟောင်း ဖလွိုက် မေဝဲသာ ဟာ အားကစားလောက သို့တစ်ကျော့ပြန်ဝင်လာခဲ့ပြီး ဂျပန်နိင်ငံ အခြေစိုက် RIZIN တိုက်ခိုက်ရေး ဖက်ဒရေးရှင်း နဲ့ စာချုပ်ချုပ်ဆိုပြီး ကြိုးဝိုင်းထဲသိုဝင်ရောက်လာတော့မည်ဖြစ်ပါတယ် ။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ပွဲပေါင် ၅၀ မှာ လုံးဝ ရှုံးပွဲမရှိခဲ့ပါဘူး။ယခု ထိုးမည့်ပွဲဟာ သူရဲ့ကစားသမား တစ်လျှောက် အမေရိကပြင်ပမှာ ပထမဆုံး အကြိမ် ယှဉ်ပြိုင်ထိုးသတ်မှာလည်းဖြစ်ပါတယ်။


မေဝယ်သာနှင်ထိုးသတ်မည့် ဂျပန်တိုက်ခိုက်ရေးသမား နာဆူကာဝါဟာ အသက် ၂၀ သာရှိပေမဲ့ တစ်ပွဲမှ ရှုံးနိမ်ထားခဲ့ခြင်းမရှိဘဲ ပြုင်ပွဲ ၂၇ ပွဲမှာ ၂၁ အထိအလဲထိုး အနိုင်ယူထားနိုင်ခဲ့သူ လည်းဖြစ်ပါတယ်။ နာဆူကာဝါ ဟာ ကစ်ဘောက်ဆင် အားကစားသမား တစ်ဦးဖြစ်ပြီး အဆိုပါ ကစား နည်း နဲ့ အောင်လအန်ဆန် ၊ မက်ဂရီဂေါ် တို့ကဲ့သို့ MMA ကစားနည်း ကိုလည်း တက်ကျွမ်းသူဖြစ်ပြီး အဆိုပါ ကစားနည်း နဲ့ ၄ ပွဲ ယှဉ် ပြိုင် ထား ရာမှာ ၄ ပွဲ စလုံး အနိုင် ရထားခဲ့ပါတယ် ။


ဒါပေမယ့် နာဆူကာဝါဟာ မေ၀ဲသာ ရဲ့ လက်ဝှေကိုတော့တစ်ကြိမ်မှ ယှဉ်ပြိုင်ဖူး ပါဘူး ။ မေဝယ်သာ နှင့် နာဆူကာဝါဟာ လာမည့် ဒီဇင်ဘာ ၃၁ ရက် တနလာင်္ နေ့မှာထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို ကစား နည်းမျိုး နဲ့ ယှဉ်ပြိုင် ထိုးသတ် မလဲ ဆိုတာပရိသတ်တွေ အကြား သိချင်စိတ်ပြင်းပြနေခဲ့ကြပါတယ်။


06 Nov 2018     1,923 Views




RELATED

Most Popular of Boxing

Most Popular of Sport