BEC-TERO TV

ကြည်နူးစရာပုံရိပ်များနဲ့ ချစ်သူကို ရိုဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ ရွှေထူးရဲ့ဗီဒီယိုဖိုင်

06 Nov 2018     1,390 Views


ရွှေထူးနဲ့ ရွှေမှုန်ရတီတို့နှစ်ယောက်ဟာဆိုရင် မြန်မာ့အနုပညာလောကရဲ့ မတူညီတဲ့လမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကိုယ်စီသိမ်းပိုက်ထားနိုင်တဲ့ နာမည်ကြီးအနုပညာရှင်များပဲဖြစ်ပါတယ်။ ချစ်သူဖြစ်တာသိပ်မကြာသေးပေမယ့် ပရိသတ်တွေကို အတိအလင်းကြေငြာလိုက်ပြီးတဲ့နောက်မှာတော့ သဘောတူကြည်ဖြူကာ ပျော်ရွှင်ဝမ်းသာကြတဲ့သူတွေရှိကြသလို ဝေဖန်ပြောဆိုသူတွေလည်း ထုနဲ့ဒေးဖြစ်ခဲ့ပါတယ်။



သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ဝေဖန်ပြောဆိုမှုတွေမကုန်ဆုံးသေးခင်မှာပဲ ရွှေစုံတွဲလေးရဲ့ လက်ထပ်မင်္ဂလာသတင်းဟာ ပရိသတ်တွေကြား ပါးစပ်အဟောင်းသားဖြစ်သွားအောင် ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ မည်သို့်ပင်ဆိုစေကာမူ တစ်ယောက်ကိုတစ်ယောက်အချစ်ကြီးချစ်မိသွားတဲ့ ရွှေစုံတွဲကတော့ မကြာခင်ကျရောက်တော့မယ့် နိုဝင်ဘာလ (၁၁) ရက်နေ့မှာပင် မင်္ဂလာလက်ထက်ဧည့်ခံပွဲကို ကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါတယ်။



အောက်တိုဘာ (၃၀) ရက်နေ့က နေပြည်တော်မှာ စေ့စပ်လက်မှတ်ရေးထိုးခဲ့ကျတာဖြစ်တဲ့ ရွှေစုံတွဲလေးဟာ စေ့စပ်ပွဲနေ့ကအမှတ်တရပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်ကနေနှစ်ယောက်စလုံး ဖော်ပြခဲ့ပြီးတဲ့နောက် မနေ့ညပိုင်းမှာတော့ အဆိုတော်ရွှေထူးက ချစ်ရတဲ့ချစ်သူလေး ရွှေမှုန်ရတီကို ရိုမန့်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပါတယ်။



အချစ်သက်သေနှင်းဆီပန်းတွေကို အသဲပုံစံခင်းကျင်းထားတဲ့ ဘောလုံးကွင်းကြီးထဲမှာ ချစ်သူကို ရိုမန့်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုန်ရဲ့ဗီဒီယိုကတော့ ကြည့်ရှုသူအပေါင်းကိုပါ ၀မ်းသာကြည်နှုးအားကျမှုတွေဖြစ်စေခဲ့ပါတယ်။ မိန်းကလေးတိုင်းဖြစ်ချင်ကျတဲ့ ချစ်သူရဲ့ရိုဆန်ဆန်လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ ရွှေမှုန်လေးကတော့ ကံကောင်းတဲ့မိန်းကလေးတွေထဲက တစ်ယောက်ပါပဲနော်။ ပရိသတ်တွေအတွက် ချစ်သူကိုရိုဆန်ဆန် ဘောလုံးကွင်းထဲမှာလက်ထပ်ခွင့်တောင်းခဲ့တဲ့ ရွှေထူးရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်....





06 Nov 2018     1,390 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS