သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိုးလပြည့် ရဲ့ သီချင်းသစ်
06 Nov 2018 4,512 Views

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် ဟာ မနေ့က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ အသစ်သီချင်းတစ်ပုဒ် မိတ်ဆက်သွားခဲ့ပါတယ် ။သီချင်းကို ရုပ်ရှင်နှင့် သရုပ်ဆောင် သဇာဝင့်ကျော်က ပါဝင်သရုပ်ဆောင်ထားပြီး သီချင်းအပြည့် အစုံကို မကြာခင်မှာ တင်ပေးသွားမယ်လို့သိရပါတယ်။
သီချင်းနာမည်က Tonight (I am Loving You) လို့အမည်ရပြီး Enrique Iglesias ရဲ့သီချင်းကို ပြန်လည်သီဆိုထားတယ်လို့သိရပါတယ။် သီချင်းကို မကြာခင်မှာ တင်ပေးသွားမယ်လို့သိရပါတယ်။ အရင်ကလည်း Enrique Iglesias သီချင်းတွေကို cover ပြန်ဆိုပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့ သီချင်းသစ် အမြည်းကို အောက်မှာနားဆင်နိုင်ပါတယ်။








