BEC-TERO TV

တောင်ကိုးရီးယားသို့ ပြန်မရပဲ အင်ဒိုနီးရှားမှာပိတ်မိနေတဲ့ လီဂျောင်ဆော့

06 Nov 2018     1,263 Views


ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ လီဂျောင်ဆော့ဟာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမှာ သူနှင့် သူ၏ဝန်ထမ်းများ နိုင်ငံကူး လက်မှတ်အသိမ်းခံရခြင်းကြောင့် ဆိုးလ်သို့ ပြန်မလာနိုင်တဲ့အကြောင်းကို သူ၏ instagram စာမျက်နှာမှာ ပို့စ်တင်ခဲ့ပါတယ်။

 အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ လီဂျောင်ဆော့ ပရိတ်သတ်များနှင့် တွေ့ ဆုံပွဲ ကမကထဦးစီးသူ Yes24 ကုမ္ပဏီဟာ ပုံမှန်ဆောင်ရမယ့် အခွန်ထက် လျော့ဆောင်ခဲ့တဲ့အတွက် သက်ဆိုင်ရာက ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒီပြဿနာဟာ ကိုးရီးယားမှလာရောက်တဲ့ လီဂျောင်ဆော့နှင့် ဝန်ထမ်းများ တို့နှင့်မသက်ဆိုင်သော်လည်း သူတို့ရဲ့ ပတ်စပို့စ်များကို သက်ဆိုင်ရာမှ ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဆိုးလ်ရောက်လျှင် လုပ်စရာရှိသောရိုက်ကူးရေး အလုပ်များကို စိတ်ပူတဲ့ လီဂျောင်ဆော့ ဟာ သူ ဂျာကာတာမှ ပြန်လို့ မရသေးကြောင်းကို သူ၏ instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

တကယ်လို့ ရိုက်ကူးရေးများ ပျက်ကွက်မိလျှင်လဲ ကြိုတင် တောင်းပန်ကြောင်း သူ၏ အေဂျင်စီမှလဲ သတင်းမီဒီယာများကိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ သရုပ်ဆောင် လီဂျောင်ဆော့ ဟာ အင်ဒိုနီးရှား ပွဲစီစဉ်သူများရဲ့ ပေါ့ဆမှုကြောင့် တောင်ကိုးရီးယားကို ပြန်လာဖို့ နှောင့်နှေးခဲ့ရပါတယ်။ လူအများကြီးကို စိတ်ပူစေခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ ဒါလိုအခြေအနေမျိုးဖြစ်ဖူးတာ ကျွန်တော်တို့ အတွက်ပထမဆုံးပါပဲ။ ကျွန်တော်တို့ ကုမ္ပဏီကလူတွေလဲ အရမ်းကိုတုန်လှုပ်ခဲ့ရပါတယ်။ လီဂျောင်ဆော့ဟာလဲ ဆိုးလ်မှာရှိတဲ့ သူ့ရိုက်ကူးရေး နောက်ကျမှာကို စိတ်ပူနေခဲ့ပါတယ်။ သူကအချိန်လေးစားတိကျတော့ သူ့ကိုစောင့်နေမယ့် ရိုက်ကူးရေးက အခြားသရုပ်ဆောင်တွေနဲ့ရိုက်ကူးရေး ဝန်ထမ်းတွေအတွက် စိတ်မကောင်းအားနာဖြစ်နေပါတယ်။ အခုတော့ လီဂျောင်ဆော့ ဟာဆိုးလ်မှာ ရောက်ရှိနေပြီဖြစ်ပြီး ဒီလိုအမြန်ဆုံးပြန်နိုင်အောင် ကူညီပေးခဲ့တဲ့ အင်ဒိုနီးရှားသံရုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဟု တောင်းပန်စာနှင့်တကွ မီဒီယာများကိုရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုပေါ့ဆတဲ့ပွဲစီစဉ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Yes24 ကိုလဲ ထိရောက်စွာအရေးယူမယ်လို့သိရပါတယ်။ အင်ဒိုနီးရှား ရုံးခွဲမှာရှိသောYes24 ရဲ့ ဒါရိုက်တာဟာ လီဂျောင်ဆော့နှင့် သူ၏ ဝန်ထမ်းများရဲ့ ပတ်စ်ပို့စ်ကို ယူပြီးတိမ်းရှောင်ထွက်ပြေးခဲ့ပါတယ်။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ Yes24 ကုမ္ပဏီ အင်ဒိုနီးရှားရုံးခွဲဟာ အခွန်ရှောင်ထားတယ် ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ အဆိုပါ Yes24 ဒါရိုက်တာကိုဖမ်းမိသွားတဲ့အခါမှာတော့ သူနှင့်အတူ ပါရှိလာတဲ့ လီဂျောင်ဆော့တို့ရဲ့ ပတ်စပို့စ်များကိုလဲ အသိမ်းခံခဲ့ရပါတယ်။ တစ်ခုပြီး တစ်ခုရှုပ်ထွေးလာပြီး လီဂျောင်ဆော့ဟာ အင်ဒိုနီးရှားမှ မပြန်နိုင်ပဲပိတ်မိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Yes24 ကုမ္ပဏီမှ ဘာမှတာဝန်ယူဖြေရှင်းတာမျိုးမလုပ်ပေးခဲ့ပါဘူး။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ လီဂျောင်ဆော့ ပရိတ်သတ်များနှင့် တွေ့ ဆုံပွဲ ကမကထဦးစီးသူ Yes24 ကုမ္ပဏီဟာ ပုံမှန်ဆောင်ရမယ့် အခွန်ထက် လျော့ဆောင်ခဲ့တဲ့အတွက် သက်ဆိုင်ရာက ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒီပြဿနာဟာ ကိုးရီးယားမှလာရောက်တဲ့ လီဂျောင်ဆော့နှင့် ဝန်ထမ်းများ တို့နှင့်မသက်ဆိုင်သော်လည်း သူတို့ရဲ့ ပတ်စပို့စ်များကို သက်ဆိုင်ရာမှ ထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။

ဆိုးလ်ရောက်လျှင် လုပ်စရာရှိသောရိုက်ကူးရေး အလုပ်များကို စိတ်ပူတဲ့ လီဂျောင်ဆော့ ဟာ သူ ဂျာကာတာမှ ပြန်လို့ မရသေးကြောင်းကို သူ၏ instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ တကယ်လို့ ရိုက်ကူးရေးများ ပျက်ကွက်မိလျှင်လဲ ကြိုတင် တောင်းပန်ကြောင်း သူ၏ အေဂျင်စီမှလဲ သတင်းမီဒီယာများကိုပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ သရုပ်ဆောင် လီဂျောင်ဆော့ ဟာ အင်ဒိုနီးရှား ပွဲစီစဉ်သူများရဲ့ ပေါ့ဆမှုကြောင့် တောင်ကိုးရီးယားကို ပြန်လာဖို့ နှောင့်နှေးခဲ့ရပါတယ်။ လူအများကြီးကို စိတ်ပူစေခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ ဒါလိုအခြေအနေမျိုးဖြစ်ဖူးတာ ကျွန်တော်တို့ အတွက်ပထမဆုံးပါပဲ။ ကျွန်တော်တို့ ကုမ္ပဏီကလူတွေလဲ အရမ်းကိုတုန်လှုပ်ခဲ့ရပါတယ်။ လီဂျောင်ဆော့ဟာလဲ ဆိုးလ်မှာရှိတဲ့ သူ့ရိုက်ကူးရေး နောက်ကျမှာကို စိတ်ပူနေခဲ့ပါတယ်။ သူကအချိန်လေးစားတိကျတော့ သူ့ကိုစောင့်နေမယ့် ရိုက်ကူးရေးက အခြားသရုပ်ဆောင်တွေနဲ့ရိုက်ကူးရေး ဝန်ထမ်းတွေအတွက် စိတ်မကောင်းအားနာဖြစ်နေပါတယ်။ အခုတော့ လီဂျောင်ဆော့ ဟာဆိုးလ်မှာ ရောက်ရှိနေပြီဖြစ်ပြီး ဒီလိုအမြန်ဆုံးပြန်နိုင်အောင် ကူညီပေးခဲ့တဲ့ အင်ဒိုနီးရှားသံရုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဟု တောင်းပန်စာနှင့်တကွ မီဒီယာများကိုရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုပေါ့ဆတဲ့ပွဲစီစဉ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Yes24 ကိုလဲ ထိရောက်စွာအရေးယူမယ်လို့သိရပါတယ်။ အင်ဒိုနီးရှား ရုံးခွဲမှာရှိသောYes24 ရဲ့ ဒါရိုက်တာဟာ လီဂျောင်ဆော့နှင့် သူ၏ ဝန်ထမ်းများရဲ့ ပတ်စ်ပို့စ်ကို ယူပြီးတိမ်းရှောင်ထွက်ပြေးခဲ့ပါတယ်။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ Yes24 ကုမ္ပဏီ အင်ဒိုနီးရှားရုံးခွဲဟာ အခွန်ရှောင်ထားတယ် ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ အဆိုပါ Yes24 ဒါရိုက်တာကိုဖမ်းမိသွားတဲ့အခါမှာတော့ သူနှင့်အတူ ပါရှိလာတဲ့ လီဂျောင်ဆော့တို့ရဲ့ ပတ်စပို့စ်များကိုလဲ အသိမ်းခံခဲ့ရပါတယ်။ တစ်ခုပြီး တစ်ခုရှုပ်ထွေးလာပြီး လီဂျောင်ဆော့ဟာ အင်ဒိုနီးရှားမှ မပြန်နိုင်ပဲပိတ်မိနေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Yes24 ကုမ္ပဏီမှ ဘာမှတာဝန်ယူဖြေရှင်းတာမျိုးမလုပ်ပေးခဲ့ပါဘူး။


06 Nov 2018     1,263 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS