BEC-TERO TV

ပညာသင် ထောက်ပံ့ကြေးလျှောက်ထားသူများကို စိစစ်ရွေးချယ်နေကြတဲ့ ပြေတီဦးနဲ့ အူဝဲ

06 Nov 2018     1,467 Views


မြန်မာ့အနုပညာရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုသရဖူကိုဆွတ်ခူးထားကြတဲ့ အူဝဲလို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့ သရုပ်ဆောင်ပြေတီဦးတို့ဇနီးတို့မောင်နှံနှစ်ယောက်ကတော့ လက်ရှိမှာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုတည်ထောင်ထားသူတွေဖြစ်ပါတယ်။ ယနေ့ချိန်ထိ ပရိသတ်ရဲ့ရင်ထဲမှာခိုင်ခိုင်မာမာနေရာယူထားနိုင်တဲ့ ပြေတီဦးနဲ့အူဝဲကတော့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတဲ့သူတို့နှစ်ယောက်ကတော့ ပညာရေးဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပြီး ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေ ပြန်လည်အကျိုးပြုနေတဲ့ မွန်မြတ်တဲ့စိတ်စေတနာကောင်းရှိသူတွေလည်းဖြစ်ပါတယ်။


သရုပ်ဆောင်ပြေတီဦးဟာဆိုရင် ကိုယ်ပိုင်ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ကာ စာပေပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေကြတဲ့ ကျောင်းသူ၊ကျောင်းသာများကို နှစ်စဉ်ထောက်ပံ့ကြေးပေးရင်း ကျောင်းထားပေးခဲ့တာ ယခုဆိုရင် (၉) နှစ်တိုင်ရှိသွားပြီဖြစ်ကာ ဒီနှစ်အတွက် ထောက်ပံ့ကြေးလျှောက်ထားကြတဲ့ ကျောင်းသူ၊ကျောင်းသားများကိုလည်း သေချာစိစစ်စွာအပြီးသတ်ရွေးချယ်ခဲ့တဲ့အကြောင်းကို သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေလိုက်တာပဲဖြစ်ပါတယ်။


“ကျွန်တော်တို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်ကြီးကို ကျေးဇူးဆပ်သောအားဖြင့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပညာသင်ကြားရေးအတွက်အခက်အခဲ ရှိနေသော ကျောင်းသား/သူ များကို ကျောင်းထားပေးခဲ့တာ အခုလာမည့် နိုဝင်ဘာ ၃၀ ရက်နေ့ဆိုရင် ကိုးနှစ်တိုင်တိုင် ရှိပြီဖြစ်ပါတယ်...ဒီလောက်နှစ်ကာလကိုအောင် အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် ပျော်ရွှင် ဂုဏ်ယူမိသလို ချစ်လှစွာသော ပရိသတ်ကြီးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်... ဒီနေ့ အစည်းအဝေး ကတော့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ဥပဒေပညာရပ် များတက်ရောက်လို၍ ထောက်ပံ့ကြေးလျှောက်ထားသော ကျောင်းသား/သူ များထဲမှ ၁၂ ယောက်ကို အပြီးသတ်ရွေးချယ်သော အစည်းအဝေးပဲဖြစ်ပါတယ်..”


“အပြီးသတ်ရွေးချယ်ခံရသော ကျောင်းသား/သူ များကို မကြာခင်မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်... ကျွန်တော်တို့ ဖောင်ဒေးရှင်းမှ ဆရာဝန်ဖြစ်သွားသော ကျောင်းသားများ၊ အင်္ဂျနီယာ ဖြစ်သွားသောကျောင်းသားများ မှာလည်း တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီဖြစ်ပါတယ်...ထိုကျောင်းသား/သူ များ ကျွန်တော်တို့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေသည်ဆိုလျှင် ကျွနိတော်တို့ ပင်ပန်းရကျိုးနပ်ပါပြီ.. ဒါကြောင့် ဖောင်ဒေရှင်း ရေရှည်တည်တံ့အောင် ကြိုးစားရင်း ပရိသတ်ကြီး၏ကျေးဇူးကို သက်ဆုံးတိုင် ဆပ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်...အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ...” ဆိုပြီးရေးသားကာ ပြေတီဦးဖောင်ဒေးရှင်းအဖွဲ့သွားတွေနဲ့အတူ ကိုယ်တိုင်ပါဝင်စိစစ်ရွေးချယ်နေကြတဲ့ ပုံရိပ်တွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။



ဒါ့အပြင် အူဝဲမှလည်း “ဖြစ်နိုင်ရင် လျှောက်ထားတဲ့ကျောင်းသား၊ ကျောင်းသူအကုန်လုံးကို ရွေးပစ်လိုက်ချင်တာ။ တစ်နေ့နေ့တော့ ဖြစ်အောင်ကြိုးစားကြပါမည်” ဆိုကာ သူမအနေနဲ့ ထောက်ပံ့ကြေးငွေလျှောက်ထားသူအားလုံးကို ကျောင်းထားပေးချင်မိတဲ့အကြောင်းကို ရေးသားပြောဆိုခဲ့ပါသေးတယ်…. ပရိသတ်ချစ်တဲ့ ပြေတီဦးနဲ့ အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အင်မတန်ကိုမှ မွန်မြတ်တဲ့ စိတ်စေတနာကောင်းရှိသူတွေပါပဲနော်….


06 Nov 2018     1,467 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment