BEC-TERO TV

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို သတိပေးလိုက်တဲ့ ရီဟားနား

06 Nov 2018     1,282 Views


အမေရိကန်နိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရန့် အနေနဲ့ အရေးနိမ့်နိုင်ချေရှိကြောင်း နိုင်ငံရေးပညာရှင်များက ထင်ကြေး ပေးနေကြပါတယ်။ ရွေးချယ်ခံရဖို့ လျာထားခြင်းခံရတဲ့ အမတ်လောင်းများကလဲ သူ့ထက်ငါ အပြိုင် မဲရရှိရေးအတွက်မဲဆွယ်စည်းရုံးရေးများ ပြုလုပ်နေကြပါတယ်။

လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ဟာလဲ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ချီတာနူဂါမြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က မဲဆွယ်စည်းရုံးရေးဆင်းနေခဲ့ပါတယ်။ ပြည်သူလူထုကို မဲဆွယ်တဲ့ အခါမှာ ထရန့်ဟာ အဆိုတော်ရီဟားနားရဲ့ “Don’t stop the Music” သီချင်းကိုခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ဖွင့်ခဲ့ပြီး စည်းရုံးရေးဆင်းခဲ့တဲ့အတွက် သီချင်းပိုင်ရှင်ဖြစ်တဲ့ ရီဟားနားအနေနဲ့ ကျေနပ်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့်မို့ ရီဟားနား ဟာ ထရန့်ကို သူ့သီချင်းကိုအသုံးပြုပြီး စည်းရုံးရေးဆင်းတာ ရပ်တန့်ဖို့ သတိပေးစာပို့ခဲ့ပါတယ်။

ချီတာနူဂါမြို့သူမြို့သားတွေပြောကြားချက်အရ ထရန့် က “Don’t stop the music” ကိုဖွင့်ပြီး မဲဆွယ်စည်းရုံးတာ တော်တော်အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုပါတယ်။ ပြည်သူများဟာ ထရန့် မဲဆွယ်ရုံအနီးမှာ ပျော်ပျော်ပါးပါးနဲ့ကခုန်နေကြပြီး ထရန့်ကို ဘက်ကို ထောက်ခံအားပေးသူ များလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဝါရှင်တန်ဒီစီ ရဲ့သတင်းထောက်တစ်ဦးဖြစ်တဲ့ ဖိလစ်ရပ်ခ်ကာ က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “အကြိမ်တစ်သန်းလောက်သတိပေးလဲ အကြိမ်တစ်သန်းလောက် ဖွင့်နေတုန်းပဲ” လို့ရေးသားပြီး ပို့စ်တင်ခဲ့ပါတယ်။ ရီဟားနားကလဲ “သိပ်မကြာတော့ပါဘူး ကျွန်မနဲ့ ကျွန်မပရိတ်သတ်တွေက နောင်တ ရစရာကောင်းတဲ့ ရွေးကောက်ပွဲရလဒ်တွေကို နောက်ထပ်လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ အခုလို တွိစ်မှာရေးသားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ရေးသားပြီး ပြန်တွိစ်ခဲ့ပါတယ်။

အလားတူပင် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာလဲ ထရန့်ဟာ Pharrell Williams, Steven Tyler နှင့် Prince Estate တို့ရဲ့ သီချင်းများကိုခွင့်ပြုချက်မတောင်းခံပဲ မဲဆွယ်စည်းရုံးရေးဆင်း တဲ့နေရာမှာအသုံးပြုဖွင့်လှစ်ခဲ့တဲ့အတွက် သတိပေးစာများ ပေးပို့ခံခဲ့ရပါတယ်။

Don’t stop the music ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရီဟားနားက သူကိုယ်တိုင်က ထရန့်ထောက် ခံသူလုံးဝမဟုတ်တဲ့အတွက်ဒီကိစ္စကို လုံးဝလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး လို့ထပ်မံပြောကြားခဲ့ပါတယ်။

သူမ ထောက်ခံအားပေးတဲ့သူကတော့ ၊ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးဂီလန် ပဲဖြစ်ပါတယ်။


06 Nov 2018     1,282 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS