အကြိုက်ဆုံး idol အကြောင်းပြောလာတဲ့ မျိုးကိုကိုစန်း
08 Nov 2018 1,656 Views

အလှမယ် မျိုးကိုကိုစန်းဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး transgender (လိင်အင်္ဂါပြောင်းသူ) တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဇာတ်မင်းသားအကအကို ငယ်စဉ်ကတည်းက သင်ယူလေ့လာခဲ့ပြီးအနုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာလည်း Miss တစ်ယောက်အနေနဲ့ သူမဟာ ကြော်ငြာတွေ အများအပြားရိုက်ရပြီး အနုပညာအလုပ်တွေကို လုပ်နေရဆဲပါပဲ။ သူမကိုချစ်တဲ့ ပရိတ်သတ်တွေကလဲ သူမကို “ကိုကို ကိုကို” နဲ့ပါပဲ။ ယောင်္ကျားလေးပရိတ်သတ်ရော မိန်းကလေးပရိတ်သတ်တွေရဲ့ နှလုံးသားကိုပါ အပိုင်သိမ်းထားနိုင်တဲ့ သူမဟာ Kpop fan တစ်ယောက်ပါတဲ့။ သူမက Kpop ကိုကြိုက်နှစ်သက်ပေမဲ့ မိန်းကလေး အဆိုတော် အဖွဲ့များထက် ယောင်္ကျားလေးအဆိုတော်အဖွဲ့များကိုပိုနှစ်သက်မိပါတယ်တဲ့။ သို့ပေမဲ့ ယောင်္ကျားလေးအဆိုတော်တွေ ကို ကြိုက်တဲ့အကြိုက်က တစ်ယောက်ပြီးတစ်ယောက် ပြောင်းကြိုက်မိပေမဲ့ မိန်းကလေးအဆိုတော်ကိုတော့ SNSD အဖွဲ့ခေါင်းဆောင် ထယ်ယွန်း (Tae Yeon) တစ်ယောက်တည်းကိုကြိုက်ခဲ့တာပါ။
ကိုကိုဟာ သူမ ထယ်ယွန်းတစ်ယောက်တည်းကို ကြိုက်နှစ်သက်တဲ့ အကြောင်းကို သူမရဲ့ Facebook My Story မှာဖော်ပြခဲ့ပါတယ်။








