အကြမ်စားရိုက်ချက်တွေနဲ့ ဖမ်းစားလိုက်တဲ့ နေရွှေသွေးအောင်ရဲ့ သီချင်းဗီဒီယို
08 Nov 2018 2,145 Views

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ ထိုင်းမင်းသမီးလေး ကာရာဗီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နေရွှေသွေးအောင်ရဲ့ Cover song ပြန်ဆိုထားတဲ့ သီချင်းလေးကတော့ Trailer ပြသလိုက်ချိန်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော် Enrique Iglesias ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Tonight I’m Loving You” သီချင်းကို Cover song ပြန်ဆိုထားတာဖြစ်ပြီး ဘယ်လိုမျိုးရိုက်ချက်တွေနဲ့ ပုံဖော်ရိုက်ကူးထားလဲဆိုတာ စိတ်ဝင်စားနေတုန်းမှာပဲ နေရွှေသွေးအောင်တစ်ယောက် “Tonight I’m Loving You” သီချင်းရဲ့ Official Video ကိုချပြလိုက်ပါတယ်။
သီချင်းလေးကို ချပြပြီး နာရီပိုင်းအတွင်းမှာပင် ကြည့်ရှုသူသိန်းချီရှိသွားတဲ့ “Tonight I’m Loving You” သီချင်းဗီဒီယိုကတော့ ထင်မှတ်မထားတဲ့ အမိုက်စား၊ အကြမ်းစားရိုက်ချက်တွေနဲ့ ကြည့်ရှုသူပရိသတ်တွေကို ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့၊ ထိုင်းမင်းသမီးလေးတို့ ဘယ်လိုတွေအကြမ်းစားသရုပ်ဆောင်ထားလဲဆိုတာ သီချင်းဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်နော်....





