BEC-TERO TV

သင်ကြိုက်နှစ်သက်တဲ့ အရသာကဖော်ပြနေတဲ့ သင့်ရဲ့ပင်ကိုယ်ထူးခြားချက်များ

09 Nov 2018     1,428 Views


အစပ်ကြိုက်သူများ

ငရုတ်သီးအစပ်ကို ကြိုက်ကြသူများကတော့ အရမ်းကြိုက်ကြပြီး မကြိုက်ကြသူများ၊ လုံးဝမစားနိုင်သူများလဲရှိကြပါတယ်။ ဒီမှာပြောပြချင်တာကတော့ ငရုတ်သီးစပ်စပ် ကိုမှကြိုက်တတ် သူများရဲ့ ပင်ကိုယ်ထူးခြားချက်များကိုပြောပြချင်ပါတယ်။
 
အစပ်အရသာကိုကြိုက်နှစ်သက်သူများဟာ သူများထက်ပို စွန့်စားရတာကိုကြိုက်တဲ့ သူတွေဖြစ်ပါတယ်။ Sky diving, roller coaster အစရှိတဲ့ စွန့်စွန့်စားစား စီးနင်းလိုက်ပါ ရတာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ သူငယ်ချင်းအဖွဲ့လိုက် ကစားကွင်း သွားကြမယ်ဆိုပါစို့။ ထိုထဲမှာအစပ်ကြိုက်သူတစ်ယောက်ပါလာရင် ထိုသူ ရွေးချယ်ကစားမယ့်အရာတွေက အသည်းအေးပြီးကြောက်စရာကောင်းတဲ့ roller coaster, သရဲအိမ်၊ မိချောင်းပါးစပ် ၊ rocket ride အစရှိသည်တို့ကိုသာ ရွေးချယ်လေ့ရှိကြောင်း စိတ်ပညာဆိုင်ရာသုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
စိတ်ပညာရှင်များရဲ့ လက်တွေ့စမ်းသပ်ချက် အရ အစပ်ကြိုက်တတ်သူတော်တော်များများဟာ လူပုံအလယ်မှာ အလေးပေးခံရမှု၊ ဂရုစိုက်ခံရမှုတို့ကို အလိုချင်အတပ်မက်ဆုံးဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
 
အစပ်စားနိုင်သူများဟာ စိတ်မရှည်ကြပါဘူး။ ကားမောင်းရင်လဲ မြန်မြန်မောင်းရတာ မျိုးကိုကြိုက်နှစ်သက်လေ့ရှိပြီး ဘေးမှလိုက်ပါစီးနင်းရင်လဲ မောင်းနှင်သူကို မြန်မြန် မောင်းစေလိုတဲ့ ဆန္ဒတွေရှိကြပါတယ်။ တစ်ခုခုဆိုစိတ်ဆိုး၊ ဒေါသထွက်လွယ်ပြီး “ရှူးရှူးဒိုင်းဒိုင်း” ဖြစ်လေ့ရှိပေမဲ့ ပြီးသွားရင်လည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ် ကြပါတယ်။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး မသိုမဝှက် မမြိုသိပ်တတ်တဲ့အမျိုးအစား ထဲပါပါတယ်။
 
ဒါ့အပြင် အစပ်စားနိုင်သူတော်တော်များများဟာ သူများတကာထက် အရက်၊ဘီယာ၊ ဝိုင်အစရှိတဲ့ သေရည်သေရက်များကို ပိုသောက်နိုင်လေ့ရှိကြပါတယ်။ ပြောချင်တာက တော်ရုံနဲ့မမူးကြဘူးပေါ့။ အစပ်စားနိုင်သူတွေဟာ သူတို့မှာ sexy ကျတဲ့character တစ်ခုရှိပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတတ်ပါတယ်။
 
 သူတို့ဟာ ရောက်လေရာ အရပ်မှာအရောင်ပြောင်းပြီးနေထိုင်တတ်တဲ့အတွက် သူတို့ရဲ့ personality ကို အပေါ်ယံကြည့်ရုံနဲ့  ခန့်မှန်းဖို့အင်မတန်မှခက်ပါတယ်။ သူတို့ဟာ ပျော်ပျော်နေတတ်သူနဲ့တွေ့ရင် ပျော်လိုက်ပြီး စကားနည်းတည်ငြိမ်သူနဲ့ တွေ့ရင်လဲ သူတို့ကိုယ်တိုင် တည်ငြိမ်သွားတတ်ကြပါတယ်။ ရေလိုက်ငါးလိုက်နေတတ်တဲ့ Ambivert အမျိုးအစားထဲ ပါတယ် လို့ဆိုရပါမယ်။
 
အချိုကြိုက်သူများ

ချောကလက်၊ သကြားလုံး၊ သကြား၊ နို့မှုန့် အစရှိတဲ့ချိုသော အရသာကို ကြိုက်နှစ်သက်သူတွေကတော့ စိတ်ထားကောင်းသူတွေပါတဲ့။ အချိုကြိုက်သော သူများနှင့်ပတ်သတ်ပြီး စိတ်ပိုင်းဆိုင်ရာ ပညာရှင်များက လေ့လာဆန်းစစ်ကြည့်တဲ့ အခါမှာတော့ အချိုကြိုက်သူများဟာ သူတစ်ပါးကိုကူညီတတ်ပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိသူ များဖြစ်ကြပါတယ်။ သူတို့ ကြိုက်နှစ်သက်တဲ့ အရာများကတော့ ပန်းလှလှလေးတွေ၊ အမွေးပွအရုပ်လေးတွေ၊ ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ကြပါတယ်။ များသောအားဖြင့် အချိုကြိုက်သူများဟာ အကောင်းမြင်တတ်ကြသူများဖြစ်ကြပါတယ်။ သူတို့ဟာ Negotiator, Customer Service နဲ့ Hostpitality and Management အစရှိတဲ့ service ပေးတဲ့အလုပ်များနဲ့ အသင့်တော်ဆုံးပါပဲ။
 
သုတေသီတွေရဲ့ လေ့လာစမ်းသပ်ချက်အရ အချိုကြိုက်တတ်သူ အများစုဟာ ပရဟိတ လုပ်ငန်းဦးဆောင်သူတွေဖြစ်နေတတ်တယ် လို့ဆိုထားပါတယ်။ နေရာတကာ သည်းခံနားလည်ပေးတတ်ကြသူများလဲဖြစ်တဲ့အတွက် အခန့်မသင့်ရင် တစ်ပါးသူရဲ့ အနိုင်ကျင့်တာမျိုးခံရတတ်ကြပါတယ်။ ထိုသို့ အနိုင်ကျင့်ခံရရင်တောင်စိတ်နှလုံးအကောင်းလွန်ပြီး အပြစ်မမြင်တတ်ကြသူများဖြစ်ကြပါတယ်။
 
အချိုကြိုက်သူများဟာ ငယ်ဘဝတည်းက အပေါင်းအသင်းမက်ပြီး သံယောဇဉ်ကြီးတတ်သူများဖြစ်တယ်လို့ သုတေသီများကဆိုထားပါတယ်။ သူတို့ ချစ်ခင်ပြီနှစ်သက်ပြီဆိုရင် ထိုသူကိုတွယ်ကပ်နေတတ်ကြပါတယ်။ ဒါကြောင့်မို့ အချိုကြိုက်တတ်သူများဟာ အချစ်ကြီးသူများ ဆိုရင်လဲမမှားပါဘူး။ စိတ်ခံစားမှုအရ ထိလွယ် ရှလွယ်သူများလဲဖြစ်ကြပါတယ်။ ချစ်မှုရေးရာမှာတော့ အချိုကြိုက်သူများက အချစ်ကိုရှာဖွေတွေ့ရှိဖို့ လွယ်ကူသူများဖြစ်ကြပါတယ်တဲ့။ ဒါ့အပြင် အချိုကြိုက်သူများဟာ အရမ်းလဲ ရိုမန်တစ်ဆန်သူများဖြစ်ကြပါတယ်။
 
အခါးကြိုက်သူများ
ကော်ဖီခါးခါး ကိုမှကြိုက်နှစ်သက်ကြသူအများစုဟာ တစ်ကိုယ်တည်း သီးသန့်နေရတာ ကြိုက်နှစ်တတ်သူများဖြစ်ပါတယ်။ လူအများနဲ့ စုစုရုံးရုံးနဲ့ နေရတာထက် တစ်ကိုယ်ရည် တစ်ယောက်ထဲ ကော်ဖီတစ်ခွက်နဲ့ အတွေးနယ်ချဲ့နေရတာကို နှစ်သက်သူများဖြစ်ကြပါ တယ်။ စကားတွေအများကြီးပြောရတာကို မကြိုက်ကြပါဘူး။
 
သူတို့ဟာ anti-social လူမှုဆက်ဆံရေးမကောင်းသူများဖြစ်ကြပါတယ်။ သူတို့ဟာ အချိုကြိုက်သူများနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ စကားပြောဆိုရတာတွေကို အပိုအလုပ်တွေလို့ သတ်မှတ်ထားသူများဖြစ်ကြပါတယ်။ ပြီးတော့ သူတို့မှာ ထိခိုက်ခံစားလွယ်တဲ့ စိတ်မျိုးနဲ့ အကြောက်တရားဆိုတာလဲ မရှိကြပါဘူး။ တိတ်ဆိတ်မှုကို နှစ်သက်ကြတဲ့ သူတို့ရဲ့ စိတ်ဟာလဲ ဘာကိုမှသိပ်မတွေးပဲဗလာဖြစ်နေတတ်ပါတယ်။ ဗလာပဲဖြစ်နေတဲ့အတွက် သူတို့ဟာ သူများနဲ့မတူတဲ့ အိုင်ဒီယာအသစ်အဆန်းတွေထွက်လေ့ရှိကြပါတယ်။ တစ်ပါးသူမတွေးမိတဲ့အကြောင်းအရာများကို သူတို့ကတွေးခေါ်နိုင်စွမ်းရှိပြီး အဖွဲ့အစည်း(သို့) နိုင်ငံတစ်နိုင်ငံကိုစီမံအုပ်ချုပ်တဲ့နေရာမှာလဲ စည်းစနစ်ကျသူများဖြစ်ကြပါတယ်။
 
သူတို့ပေါ်ကောင်းပေးတဲ့လူရှိရင် ထိုသူ သူ့အပေါ်ကောင်းပေးတာထက် ၂ ဆ ပိုကောင်းပေးပြီး သူတို့ကို တစ်ခုခု ထိခိုက်တာမျိုး လုပ်လာသူရှိရင်လဲ ပြန်လည််အန္တရာယ်ပြုဖို့ ဝန်မလေးကြပါဘူး။
 
ပုံမှန်အားဖြင့် ခါးသက်သက်အရသာကို ကြိုက်နှစ်သက်တဲ့လူတွေဟာ အနက်ရောင် ကြိုက်နှစ်သက်သူ များပြားပါတယ်။ သူတို့ဟာ နေရောင်ခြည်ကိုလဲ ကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ညအမှောင်က သူတို့အတွက်အကောင်းဆုံးအဖော်မွန် ပါပဲ။ အခါးကြိုက်သူတစ်ယောက်ဟာ အင်မတန်မှကြောက်စရာကောင်းတဲ့ စိတ္တဇ လူသတ်သမားကား၊ သရဲကားတို့ကို မတုန်မလှုပ် ဘာမှခံစားချက်မရှိတဲ့ပုံစံနဲ့ ကြည့်ရှု နိုင်ကြပါတယ်။ သုတေသီများရဲ့ စမ်းသပ်ချက်အရ ခါးသက်သက်အရသာကြိုက်တဲ့သူအများစုဟာ စိတ္တဇလူသတ်သမားဖြစ်လာနိုင်ချေအများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ နာမည်ကျော် လူဆိုးများဖြစ်တဲ့ အဒေါ့ဟစ်တလာ နှင့် ဆဒန်ဟူစိမ် တို့ဟာလဲခါးသက်သက်အရသာကို ကြိုက်နှစ်သက်ကြသူများဖြစ်တယ် လို့ပြောထားပါတယ်။
 
အချဉ်ကြိုက်သူများ
အချဉ်ကြိုက်သူများကတော့ အတွေးခေါင်သူများဖြစ်ကြပါတယ်။ သူတို့ဟာတစ်ခုခုဆို မပြောခင်၊ မလုပ်ခင်တွေးခေါ်တတ်သူများဖြစ်ကြပါတယ်။ တစ်ပါးသူရဲ့ အမြင်ကို အလေးထားသူများဖြစ်ကြပါတယ်။ အချဉ်ကြိုက်သူများဟာ ယှဉ်ပြိုင်လိုစိတ်ကြီးမား ကြပါတယ်။ ကိုယ့်ထက် သာသွားမှာ၊ ကြောသွားတာတို့ကို မခံနိုင်ကြပါဘူး။ စကား အထအနလဲကောက်တတ်ကြပါတယ်။ လူအများကြားမှာ နာမည်ကောင်းရလိုစိတ်လဲ ပြင်းပြကြပါတယ်။
 
ယှဉ်ပြိုင်လိုစိတ်၊ စိတ်အားထက်သန်မှုတွေ ကြီးစိုးနေတာကြောင့်ဆန်းသစ်တီထွင် တဲ့နေရာမှာတော့ ဆရာကြီးတွေပါပဲ။ ဘာမဆိုသူများထက်သာအောင်လုပ်မယ်၊ သူများအောက်မရောက်ရဘူး ဆိုတဲ့စိတ်ကြောင့် လူမှုဆက်ဆံရေးနယ်ပယ် မှာ ဒီပရက်ရှင်အများဆုံးဝင်တတ်သူများဖြစ်ကြပါတယ်။ ဒီပရက်ရှင်ဝင်ပြီးရင်လဲ သူတို့ကို ဂရုစိုက်မှု၊ အားပေးနှစ်သိမ့်မှုတို့ကိုအများဆုံးခံချင်ကြသူများဖြစ်ကြပါတယ်။
 
သို့ပေမဲ့ အချဉ်ကြိုက်သူများဟာ အမြဲတက်ကြွလန်းဆန်းနေတတ်ကြပြီး အောင်မြင်လိုစိတ် ကြီးပွားလိုစိတ်တွေများပြားတာကြောင့် အထွတ်အထိပ်ရောက်ဖို့ အထိကြိုးစားလေ့ရှိတာကြောင့် အောင်မြင်တဲ့သူများပြားပါတယ်။
 
အငန်ကြိုက်သူများ
အငန်ကြိုက်တတ်သူများကတော့ အကောင်းမြင်တတ်ပြီးရည်မှန်းချက်ကြီးမားသူများ ဖြစ်ပါတယ်။  သူတို့ဟာ ဘာလုပ်လုပ်တက်ကြွနေတတ်သူများဖြစ်ကြပါတယ်။ တခါတလေ သူတို့ကိုယ်သူတို့ အလုပ်ချိန်ထက်ကျော်ပြီး လုပ်မိတဲ့အထိ အလုပ်လုပ် ရတာကို နှစ်သက်သူများဖြစ်ကြပါတယ်။ အလုပ်မရှိရင်မနေတတ်သူများဖြစ်ကြပါတယ်။ တစ်ခုမဟုတ်တစ်ခု လုပ်နေရမှ ကျေနပ်သူများဖြစ်ကြပါတယ်။
 
အငန်ကြိုက်လေ့ရှိသူများဟာ သူများထက်ပိုပြီးအရသာခံစွမ်းရည်ပိုကောင်းပါတယ်။ သူတို့ဟာ အခါး၊ အချဉ် ၊ အချို နဲ့ အစပ် အရသာတွေကို sensitive ဖြစ်လေ့ရှိပါတယ်။  အငန်ကြိုက်သူများရဲ့ လျှာဟာ သူများထက် အရသာဖုများပိုမိုပါဝင်တာကြောင့် အရသာခံစားမှုမှာ ပရိုဖြစ်ကြတာလဲမဆန်းပါဘူး။ ဒါကြောင့် စိတ်ပညာရှင်များရဲ့ လေ့လာဆန်းစစ်ချက်အရ အငန်ကြိုက်သူအများစုဟာ စာဖိုမှူးလုပ်ဖို့ ဝါသနာပါတယ် လို့သိရပါတယ်။
 
သူတို့ဟာ ရည်မှန်းချက်လဲမြင့်မားပြီး တစ်ပါးသူတွေကို ပျော်ရွှင်စေတဲ့စိတ်အခံ ရှိကြတဲ့ အတွက်ကြောင့် ဟာသပညာရှင်လုပ်သူတွေလဲများတယ်လို့ ပြောထားပါတယ်။

09 Nov 2018     1,428 Views




RELATED

Most Popular of Health Fix

Most Popular of Life Style