BEC-TERO TV

စပို့တင်းနှင့် ပွဲစဉ်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တဲ့ ဒန်နီ ဝဲလ်ဘတ်

09 Nov 2018     1,975 Views


ယူရိုပါလိဂ် အုပ်စုပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနှင့် စပိုတင်း အသင်းတို့ ယှဉ်ပြိုင်ကစားကြတဲ့ ပွဲစဉ်မှာ ဝလ်ဘတ်ဟာ မိနစ် ၃၀ အရောက်မှာ ဒဏ်ရာရရှိခဲ့ပြီး အူဘာမီယန်နှင့် လူးစားလဲခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ မိနစ် ၃၀ အရောက်မှာ လက်ခ်ျစတိုင် ၏ ဖြတ်တင်ပေးပို့မှုကို ဂိုးအဖြစ်ပြောင်းလဲဖို့ ခေါင်းတိုက်ဖို့ ကြိုးစားရင် ဟန်ချက်ပျက်ကာ ညာဘက် ခြေကျင်းဝတ် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဝလ်ဘတ် ဟာ အင်္ဂလန် လက်ရွေးစင် ကနေရွေးချယ်ခြင်းခံထား ရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒဏ်ရာနှင့်ပါတ်သတ်ပြီး အာဆင်နယ်နည်းပြ အမ်မရီက “ သူအခု ဆေးရုံမှာပါ၊ တွေ့မြင်ရတဲ့ ပုံစံကတော့ သူဆိုးရွာတဲ့ ဒဏ်ရာဖြစ်ပုံပါပဲ ၊ သူသတင်းကို စောင့်မျော်နေပါတယ် ၊ သူဒဏ်ရာ မပြင်းထန်ဖို့ပဲ ဆုတောင်းရမှာပါ ၊” လို့ပြောကြားခဲ့ပါတယ်။

မနေ့ညက အာဆင်နယ်အသင်း အိမ်ကွင်းမှာ စပို့တင်လစ်စဘွန်း ကို ၀ - ၀ ဖြင့်ပြီးဆုံးခဲ့ပြီး အာဆင်နယ်အသင်းဟာ အုပ်စုတတ်ဖို့အတွက် သေချာသွားခဲ့ပြီလည်းဖြစ်ပါတယ်။


09 Nov 2018     1,975 Views




RELATED

Most Popular of Football

Most Popular of Sport