BEC-TERO TV

ရီးရဲမက်ဒရစ်ကို လမ်းကြောင်းမှန်ပေါ် ဆွဲတင်နေတဲ့ ယာယီနည်းပြ ဆိုလာရီ

12 Nov 2018     1,696 Views


ရီးရဲမက်ဒရစ်အသင်းဟာ သူတို့ရဲ့ ယာယီနည်းပြ ဆိုလာရီ လက်ထက်မှာ သူတို့အားသာတဲ့တိုက်စစ်စွမ်းရည်ကို ပြန်လည်ပြသ နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆိုလာရီဟာ အသင်းကို (၄)ပွဲဆက်တိုက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ မနေ့က ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အဝေးကွင်းမှာ (၂-၄) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆိုလာရီလက်ထက်မှာ ပထမဆုံးပွဲအဖြစ် စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ မယ်လီယာအသင်းနဲ့ ကစားခဲ့ရပြီး ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ စပိန်လာလီဂါပွဲအဖြစ် ဗယ်လာဒိုးလစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲအဖြစ် ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာလည်း (၅-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး (၃)ပွဲကိုင်တွယ်ခဲ့ရာမှာ (၃)ပွဲစလုံးကို ပေးဂိုးမရှိ နိုင်ပွဲရခဲ့ပြီး စုစုပေါင်း (၁၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ လော့ပ်တယ်ဂီ ကိုင်တွယ်ခဲ့တဲ့ ကာလတွေထက် ပိုမိုကောင်းမွန်တဲ့ ရလာဒ်လည်း ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်အသင်းကတော လက်ရှိမှာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာမှာ ရမှတ် (၂၀)နဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ (၄)မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။


12 Nov 2018     1,696 Views




RELATED

Most Popular of Football

Most Popular of Sport