BEC-TERO TV

ခပ်ဟော့ဟော့ဒီဇိုင်းနဲ့ ကမ်းခြေမှာ အပြတ်အသတ်လန်းနေတဲ့ သင်ဇာဝင့်ကျော်

13 Nov 2018     3,386 Views


ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာဆိုရင် အဆင်းရော၊ အချင်းပါပြည့်စုံသူတစ်ယောက်လို့ ဆိုရလောက်အောင် ရုပ်ရည်ပိုင်းမှာလဲ ချောမောလှပသူလေးဖြစ်သလို ကျစ်လစ်တောင့်တင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ အနုပညာပိုင်းမှာလဲ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူဖြစ်ပြီး အမိုက်စားအလန်းစားဖက်ရှင်တွေကိုမှ ၀တ်ဆင်ကာ ပရိသတ်တွေကြား ဂယက်ထအောင်လုပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ကောက်ကြောင်းအလှနဲ့ပတ်သက်ပြီး အမြဲယုံကြည်မှုအပြည့်ရှိတဲ့သင်ဇာက မကြာခဏဆိုသလို သူမရဲ့ရှုဖွယ်အသွယ်သွယ်အလှတို့ကို ပြသလေ့ရှိကာ ပုရိဿအပေါင်းကိုဖမ်းစားတတ်သူဖြစ်ပါတယ်။ ယခုနောက်ပိုင်း Sexy ကျကျဖက်ရှင်တွေကို ပိုမိုဝတ်စားလာတဲ့သင်ဇာကတော့ သူများနဲ့မတူတဲ့ဖက်ရှင်တွေကို ၀တ်ဆင်ရတာမြတ်နိုးသူတစ်ယောက်ဖြစ်တာကြောင့် ဖက်ရှင်နဲ့ပတ်သက်ရင် ခေတ်ရှေ့ပြေးလွန်းနေသူဆိုလဲ မမှားပါဘူး....

ယနေ့မှာတော့ သင်ဇာက ကမ်းခြေမှာအမိုက်စားရိုက်ကူးထားတဲ့ ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေမျှဝေလိုက်ပါတယ်။ အနီရောင် ဘီကီနီဝမ်းဆက်ကို အထာကျကျဝတ်ဆင်ကာ အပြတ်အသတ်လန်းနေတဲ့ သင်ဇာရဲ့ပုံရိပ်တွေကတော့ ယောကျာ်းထုကြီးသာမက မိန်းမထုကြီးကိုပါ ငေးမောသွားစေမှာပါနော်။ ဆွဲဆောင်မှုတွေပြင်းလွန်းတဲ့ သင်ဇာဝင့်ကျော်ရဲ့ ကမ်းခြေကခပ်ဟော့ဟော့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်...


13 Nov 2018     3,386 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment