မြန်မာငွေ သိန်း ၃၉၀၀ ကျော်လောက်ကုန်ကျတဲ့ Jennie Kim ရဲ့ဝတ်စားမှု
13 Nov 2018 1,722 Views

YG Entertainment ရဲ့ အထင်ကရမိန်းကလေးအဆိုတော်အဖွဲ့ Black Pink မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie Kim ဟာသူ့ရဲ့ တစ်ကိုယ်တော် SOLO သီချင်း ကိုပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ရက်က ထွက်ရှိခဲ့ပါတယ်။
Music Video ထဲမှာ သူမအဝတ်အစားတွေခဏတိုင်းလဲထားတာကိုတွေ့ရပါမယ်။ သူမဝတ်ခဲ့တဲ့ အဝတ်အစားတွေကအကုန်လုံးက branded (နာမည်ကြီးတံဆိပ်) တွေဖြစ်ပြီး ဒေါ်လာထောင်ချီပေးရတဲ့ အဝတ်အစားတွေပါ။
ဒါကတော့ သူမဝတ်ခဲ့တဲ့ Branded အဝတ်အစားတွေရဲ့ တန်ဖိုးတွေကို သူမပရိတ် သတ်တွေက ရှာဖွေသိရှိခဲ့တဲ့အခါမှာတော့ လုံးဝကို wow သွားရပါတယ်။
သူမဝတ်ခဲ့တဲ့ အဝတ်အစားတိုင်းရဲ့ တန်ဖိုးတွေက မြန်မာငွေနဲ့ဆိုရင် သိန်းရာချီ ဂဏန်း ရှိနေပါပြီ။ သူမ Music Video မှာဝတ်ခဲ့တဲ့ အဝတ်အစားတွေအကုန်လုံးရဲ့ ပျမ်းမျှတန်ဖိုးကိုတွက် ကြည့်တဲ့ အခါမှာ ဒေါ်လာ ၂ သိန်း ၅ သောင်းကျော်ခန့် ရှိနေပြီဖြစ် ပါတယ်။ မြန်မာငွေနဲ့ တွက်ကြည် တဲ့အခါမှာ သိန်း ၃၉၀၀ ကျော်လောက်ရှိတာကိုတွေ့ရပါတယ်။ ဒါတောင်မှ အကုန်လုံးအတိအကျတွက်ချက်ထားတာ မဟုတ်ပါဘူး။ အတိအကျသာဆိုရင်တော့ ဘယ်လောက်ကုန်ကျမလဲဆိုတာ ပြော မပြတတ်အောင်ပါပဲ။
YG Entertainment ကတော့ သူတို့ idol အတွက်အကုန်ကျခံပေးတဲ့နေရာမှာ ဘာကိုမှဂရုမစိုက်တတ်ပဲ branded တွေပဲအသုံးပြုလေ့ရှိတာ လူတိုင်းသိပါပဲ။ သူမတူထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်းများနဲ့ အများနဲ့မတူတဲ့ ဂီတဖန်တီးပုံတို့ကြောင့် YG မှထွက်တဲ့ အနုပညာလက်ရာတွေဟာဆိုရင် သူမတူအောင်ပေါက်မြောက်အောင်မြင်ပြီး branded တွေပဲဖြစ်နေတာ မဆန်းပါဘူး။

.jpg)
.jpg)
.jpg)



