BEC-TERO TV

ရွှေရင်အစုံ လှိုက်ဖိုမောအောင် ဖမ်းစားလိုက်တဲ့ စူးရှထက်ရဲ့ဗီဒီယို

13 Nov 2018     2,703 Views


မော်ဒယ်စူးရှထက်ကတော့ ယခုနောက်ပိုင်း ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရော အနုပညာမော်ဒယ်လောကမှာပါ ရေပန်းစားနာမည်ကြီးလာသူတစ်ယောက်ဖြစ်ပါတယ်။ ရည်းစားဟောင်းရဲ့ အဓမ္မကျင့်နှိပ်စက်ခြင်း ခံခဲ့ရပြီးတဲ့နောက် အများကသတိထားမိကာ သနားဂရုဏာသက်ခဲ့ရာမှ အားပေးသူပရိသတ်အခိုင်အမာရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်အားပြင်းတဲ့ ကောက်ကြောင်းအသွယ်သွယ်ကိုပိုင်ဆိုင်ထားသူဖြစ်ပြီး Sexy ကျကျဖက်ရှင်တွေကို ၀တ်စားကာ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးလေ့ရှိတာကြောင့်လဲ ပုရိဿတွေရဲ့ဝန်းရံအားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။

ဖိုတိုကြော်ငြာတွေရိုက်ကူးရင်း၊ ပွဲတွေတက်ရင်း သူမ၀ါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ စူးရှထက်ဟာဆိုရင် အပျော်တမ်းဗီဒီယိုလေးတွေရိုက်ကူးကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်လေ့ရှိသူပါ။ ပရိသတ်တွေနဲ့အမြဲတစေ နီးစပ်အောင်ကြိုးစားနေသူဖြစ်တဲ့ စူးရှထက်ဟာ ဒီတစ်ခါမှာတော့ ကိုကို၊ မောင်မောင်တွေရဲ့ ရွှေရင်အစုံကို လှိုက်ဖိုသွားအောင် ဖမ်းစားလိုက်ပြန်ပါပြီ။ အပျော်တမ်းဆော့ထားတဲ့ သူမရဲ့ tik tok ဗီဒီယိုလေးကတော့ ကြည့်မိသူတိုင်းကို မှင်သက်သွားစေမှာပါနော်။ စူးရှထက် ခေါ် ဘေဘီမွစိတစ်ယောက် ဘယ်လိုတွေညှို့ငင်ဖမ်းစားနေလဲဆိုတာကတော့…..


13 Nov 2018     2,703 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment