BEC-TERO TV

ဒီပုံမှာသင်ဘာကိုအရင်မြင်လဲ?

14 Nov 2018     2,021 Views


တကယ်လို့ သင်ဟာဒီပုံမှာ မိချောင်းကို အရင်မြင်တယ်ဆိုရင်တော့ သင်ဟာ အရာအားလုံးကို ခြုံငုံပြီး အပေါ်ယံကိုသာ ကြည့်တတ်သူဖြစ်သူဖြစ်ပါတယ်။ သင်ဟာ သဘာဝတရားရဲ့လှပမှုကို သိမြင်ကြည့်ရှုနိုင်စွမ်းနည်းပါးသူဖြစ်ပါတယ်။ သင်ဟာပြဿနာဖြစ်ရတာ ငြင်းခုန်ရတာတွေကို ကြိုက်နှစ်သက်လေ့မရှိပါဘူး။ သင်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို သတိရှိရှိနေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအသစ်တွေ၊ အသစ်အဆန်းတွေ ကိုသင်ယူလေ့လာတာထက် အဟောင်းတွေနဲ့ ပျော်မွေ့နေတတ်သူတစ်ယောက်ဖြစ်ပါတယ်။
 
တကယ်လို့ သင်ဟာပင်လယ်ထဲမှာ ရွက်လွှင့်နေတဲ့လှေတစ်စင်းကို အရင်မြင်တယ်ဆိုရင် သင်ဟာ ကိစ္စတစ်ခု ပြဿနာတစ်ရပ်ကို အသေးစိတ်ကြည့် ရှုဖြေရှင်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာလူတစ်ယောက် အရာဝတ္တု တစ်ခုခုကိုပထမဆုံတစ်ကြိမ် ပဲမြင်ဖူးနေတာတောင် မှတ်မိနေလေ့ရှိသူတစ်ယောက်ပါ။  သင်ဟာ လူအများနဲ့ ကွဲထွက်နေပြီးတစ်မူထူးခြားတဲ့ လူတစ်ယောက်ဖြစ်နေပါတယ်။ သင့်ဦးနှောက်က သူများနဲ့မတူတဲ့အတွေးတွေထွက်လေ့ရှိတာကြောင့် သင်ဟာတီထွင်မှုအားကောင်းသူတစ်ယောက်ပါ။ ဒါပေမဲ့ သင်ဟာအရာအားလုံးကို အသေးစိတ်သတိပြုမိတဲ့အတွက် သင်ဟာထိခိုက်ခံစားလွယ်သူတစ်ယောက်လဲဖြစ်ပါတယ်။ တစ်ပါးသူရဲ့မျက်နှာအမူအရာ၊ အပြောအဆို အသေးအမွှားကအစ အသေးစိတ်လိုက်ခံစားတတ်သူလဲဖြစ်ပါတယ်။

14 Nov 2018     2,021 Views




RELATED

Most Popular of Special or Others

Most Popular of Life Style