BEC-TERO TV

ရန်ကင်း ၁၂ လုံးတန်း ယာဉ်တိုက်မှု လူသေဆုံး ယာဉ်မောင်းထွက်ပြေး(ရုပ်သံ)

15 Nov 2018     2,533 Views


နိုဝင်ဘာလ ၁၄ ရက် နံနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ရန်ကင်းမြို့နယ် ၁၂ တန်း မီးပွိုင့်အမီးတွင် အရှိန်ဖြင့်မောင်းနှင်လာသော တက္ကစီတစ်စီးမှ မီးနီကို ဖြတ်မောင်းစဉ် လမ်ကူးပြီး စက်ဘီးနင်းလာသူတစ်ဦးကို ဝင်တိုက်မိကာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးတွင် ရပ်ထားသော Toyota WISH အမျိုးအစား အဖြူရောင်ကား၏ နောက်ပိုင်းကို ပွတ်တိုက်ပြီး ပလက်ဖောင်းပေါ် တက်သွားပြီး ပိတ်ထားသော ဆိုင်ခန်းတစ်ခုကို ဝင်တိုက်မိခဲ့သည်။


ကားတိုက်ခံရမှုကြောင့် စက်ဘီးစီးသူ သေဆုံးသွားပြီး ယာဉ်မောင်းမှာ ကားစက်နှိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း စီစီတီဗီရုပ်သံအရ သိရှိရသည်။


15 Nov 2018     2,533 Views




RELATED

Most Popular of Special or Others

Most Popular of NEWS