အမျိုးသားတစ်ဦး စဥ့်အိုးထဲ ရေစိမ်ချိုးရင်း ရေတိမ်နစ်သေဆုံး
16 Nov 2018 2,093 Views

စဥ့်အိုးထဲဝင်ကာ ရေစိမ်ပြီးချိုးရတာကို သဘောတွေ့နေတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့နေအိမ်ရှိ လီတာ ၅၀၀ ဝင်ဆန့်သည့် ကွန်ကရစ်စဥ့်အိုးကြီးထဲတွင် ရေနစ်သေဆုံးခဲ့သည်။
အောက်တိုဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဖီချစ်မောင်စီရင်စုတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ်ဖီချစ်မောင်စီရင်စုတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် Sitthirak Chakjoong ဆိုသူ အမျိုးသားတစ်ဦးဖြစ်သည်။

အဒေါ်ဖြစ်သူ၏ ထွက်ဆိုချက်အရ သူ၏တူဖြစ်သူ ပျောက်ဆုံးနေခဲ့သည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ကြောင်းနှင့် အိမ်နီးချင်းများက စဥ့်အိုးထဲကနေ ပုတ်နံ့ထွက်လာမှ သတိထားမိခဲ့ကြခြင်းဖြစ်သည်။
ရဲများက ကွန်ကရစ်နဲ့ ပြုလုပ်ထားတဲ့ စဥ့်အိုးကို ရိုက်ခွဲကာ အလောင်းကို ဆယ်ယူခဲ့ကြပြီး ဆရာဝန်ကလည်း လွန်ခဲ့သော ၄ ရက်လောက်ထဲက သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။
ဆွေမျိုးများ၏ ထွက်ဆိုချက်အရ အဆိုပါအမျိုးသားမှာ စဥ့်အိုးထဲဝင်ပြီး ရေစိမ်ချိုးတဲ့ အလေ့ကို စွဲနေသူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။








