BEC-TERO TV

သွေးအုပ်စုအလိုက်ကျန်းမာရေးနှင့်ပတ်သတ်သောအစားအစာများအကြောင်း

07 Aug 2015     1,401 Views


လူတွေခန္ဓာကိုယ်မှာသွေးအုပ်စု ၄စုရှိပါတယ်။ A ၊ B၊ O၊ AB တို့ပဲဖြစ်ပါတယ်။သွေးအုပ်စု အေအမျိုးအစားတွေကဆိုရင်အစာချေတဲ့စနစ်အားနည်းတဲ့အတွက်ကြောင့် အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာလ်ရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ချေများပါတယ်။ အေသွေးအုပ်စုတွေကဆိုရင်ပရိုတင်းဓာတ်ကိုလည်းကောင်းစွာအသုံးပြုနိုင်တယ်။ပေါင်မုန့် ၊ ဂျုံ စတာတွေနဲ့လည်းသင့်တော်တယ်။
 
အသားထဲမှာတေ့ာအနီဓာတ်ပါတဲ့အသားတွေကိုရှောင်ရပါမယ်။ငါးအသားတွေကိုပိုပြီးတော့စားသုံးသင့်တယ်။အသီးတွေမှာဆိုရင် ဖရဲသီး၊သခွားသီး၊ သရက်သီး၊သဘောင်္သီး၊ငှက်ပျောသီး၊ လိမ္မော်သီး စတာတွေက အစာချေဖြတ်မှုအားနည်းတဲ့အတွက်ကြောင့်သင့်တော်မှုအားနည်းမယ်။
 
သင့်တော်မှုများတဲ့အစားအစာတွေကတော့ နာနတ်သီး၊နာနတ်ရည်စတဲ့အစားအစာတွေဖြစ်တယ်။ ဘီသွေးအုပ်စုတွေကတော့ အာရုံကြော နဲ့ဦးနှောက်အတွင်းပိုင်းမှာ ရောဂါတွေဖြစ်တာများတယ်။ဘီသွေးအုပ်စုအတွက်သင့်တော်တဲ့အစားအသောက်တွေကတော့  အသားဓာတ်နဲ့ဟင်းသီးဟင်းရွက်တွေကို မျှတအောင်စားသုံးသင့်တယ်။နို့ထွက်အစားအစာတွေနဲ့လည်းသင့်တော်ပါတယ်။
 
ခရမ်းသီး၊ ခရမ်းချဉ်သီးဆော့စ် နဲ့ပြောင်းဖူးတွေကိုတော့ရှောင်ရှားသင့်ပါတယ်။အုန်းသီး၊ STAR FRUIT၊ သလဲသီး၊သစ်တော်သီး၊တည်သီး စတဲ့အသီးတွေကိုရှောင်သင့်တယ်။ဆေးဘက်ဝင်ပြီးတော့ အာရုဏ်ကြောတွက်အကျိုးဖြစ်စေမယ့် ဂျင်း၊ ပူစီနံ၊ဂျင်ဆင်း၊လက်ဖက်စိမ်းတွေကလည်းကျန်းမာရေးတွက်အထူးသင့်လျော်ပါတယ်။တိုက်ရိုက်ပြုလုပ်ထားတဲ့သူတွေဆိုရင်တော့နာနတ်သီး၊အာလူး၊ကွေကာအုပ်တွေကသင့်တော်တဲ့အစားအသောက်တွေဖြစ်ပါတယ်။အိုသွေးပိုင်ရှင်တွေအတွက်ကတော့အသားဓာတ်ပါဝင်တဲ့အစားအစာတွေကိုစားသုံးဖို့အများကြီးလိုအပ်ပါတယ်။
 
အနီရောင်အသားတွေ၊ကလီစာတွေ၊ပင်လယ်ငါးတွေ၊သိုးသားတွေက အသားဓာတ်အများဆုံးပါဝင်တဲ့အတွက်အထူးသင့်တော်ပါတယ်။အနီရင့်ရောင်ရှိတဲ့အသီးတွေကတော့ပိုပြီးတော့သင့်တော်ပါတယ်။မနက်စောစောအချိန်မှာကော်ဖီသောက်ခြင်းကိုရှောင်ရှားသင့်တယ်။အေဘီအုပ်စုတွေကတော့ အေ သွေးနဲ့ ဘီသွေးရောစပ်ထားတဲ့အတွက်ကြောင့်မို့အေသွေးရောဘီသွေးရော စားသောက်တဲ့ အစားအသောက်တွေကိုမိမိရဲ့ခန္ဓာကိုယ်ရဲ့BODY TYPE ကိုလေ့လာပြီးတော့နေထိုင်စားသောက်လို့ရပါတယ်။
 
အေသွေးတွေလိုအားနည်းတဲ့အစာချေစနစ်ကိုပိုင်ဆိုင်ထားပေမယ့်ကိုယ်ခံအားစနစ်က ဘီသွေးတွေလိုမျိုးကောင်းမွန်တဲ့အတွက်ကြောင့်နို့ထွက်အစားအစာမျိုးတွေနဲ့လည်းသင့်တော်ပါတယ်။အသီးတွေမှာဆိုရင်စပျစ်သီး၊ဘယ်ရီသီး၊ နာနတ်သီးတွေကပိုပြီးတော့သင့်တော်ပါတယ်။သရက်သီး၊ ငှက်ပျောသီး၊ မာလကာသီး၊အုန်းသီး၊လိမ္မော်သီးတွေကတော့သင့်တော်မှုအားနည်းပါတယ်။
 
မနက်စောစောမှာသံပုရာရည်ကိုရေနွေး နွေးနွေးလေးနဲ့ဖျော်ပြီးသောက်မယ်ဆိုရင်အစာအိမ်နဲ့အူလမ်းကြောင်းတွက်အစာခြေဖျက်မှုကိုပိုပြီး အားပေးတဲ့အတွက်ကြောင့်မို့လို့အထူးသင့်လျော်ပါတယ်။စိတ်တည်ငြိမ်ဖို့တွက်တရားထိုင်ခြင်းဟာလည်းအသင့်တော်ဆုံးဖြစ်ပါတယ်။

07 Aug 2015     1,401 Views




RELATED

Most Popular of Health Fix

Most Popular of Life Style