BEC-TERO TV

မကြောက်မရွံ့ မိကျောင်းတွေနဲ့မှ ဓာတ်ဖမ်းခဲ့တဲ့ အဆိုတော်ပိုပို

16 Nov 2018     1,634 Views


ဂီတလောကရဲ့ အောင်မြင်ထင်ရှားတဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော်ပိုပိုဟာဆိုရင် သီချင်းကောင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားနာမည်ကြီးနေတာပဲဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့အလှတွေတိုးလာတဲ့ သူမကတော့ ပုရိဿတွေရဲ့ ရင်ထဲကမမတစ်ယောက်လဲဖြစ်ပါတယ်။ ရှိုးတွေဖျော်ဖြေရင်း သူမချစ်တဲ့ဂီတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့ ပိုပိုကတော့ ကော့သောင်း ရနောင်းမြို့ကိုရောက်ခိုက်မှာ မိကျောင်းတွေကို အစာကျွေးရင်း မကြောက်မရွံ့နဲ့ ဓာတ်ဖမ်းခဲ့ပါတယ်။



အန္တရာယ်ရှိ အသားစားသတ္တ၀ါဖြစ်တဲ့ မိကျောင်းကို မကြောက်မရွံ့ကိုင်ရင်း ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ယက်ကနေမျှဝေထားတာဖြစ်ပြီး “ကော့သောင်း ကနေ ရနောင်းမြို့ ကိုသွားပြီး မိချောင်းစာ သွားကျွေး ရင်း ချစ်သူ အတွက် တစ်ကောင်လောက်ဝယ်လာမလို့” ဆိုကာ စနောက်လိုက်ပါသေးတယ်။ ပရိသတ်တွေကတော့ သူမကိုကြည့်ပြီး ကြောက်နေကြပေမယ့် ပိုပိုကတော့ မိကျောင်းတွေကို အစားကျွေးပြီးပျော်နေတဲ့ပုံပါပဲနော်… သတ္တိခဲလေး မတ်မတ်ပိုပိုရဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်…..






16 Nov 2018     1,634 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment