အသက်၁၇ နှစ်အရွယ် အမျိုးသမီး ပြိုင်ကားမောင်းသူရဲ့ အဖြစ်ဆိုး (ရုပ်သံ)
19 Nov 2018 2,152 Views

တရုပ်နိုင်ငံ မကာအိုမြို့တွင် နိုင်ဝင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော ဖော်မြူလာသရီး ကားမောင်းပြိုင်ပွဲတွင် အသက် ၁၇ နှစ် အရွယ် မောင်းနှင်ခဲ့သော ပြိုင်ကားတစ်စီး အရှိန်လွန်ကာ ပြိုင်ပွဲလမ်းကြောင်းပေါ်မှ မြောက်တက်ပြီး လေပေါ်ပျံဝဲကာ လွင့်ထွက်သွားပြီးနောက် အကာအရံများကို တိုက်မိခဲ့သဖြင့် ယာဉ်မောင်းမှာ စိုးရိမ်ရသည့်အခြေအနေနဲ့ ဆေးရုံတင်ခဲ့ရကြောင်း ပြိုင်ပွဲစီစဉ်သူများက သတင်းထုတ်ပြန်ခဲ့သည်။
ဂျာမန်အမျိုးသမီး Sophia Floersch မှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး အနာဂတ်အတွက် အလားအလာကောင်းသည့် မျိုးဆက်သစ်ပြိုင်ကားမောင်းသူဖြစ်သည်။ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ပင်မကျောရိုး ကျိုးအက်သွားခဲ့ပြီး Conde S.Januario ဆေးရုံကြီးတွင် တင်ထားကြောင်း သိရှိရသည်။
သူမဟာ လမ်းအကွေ့တစ်ခုတွင် အရှိန်မထိမ်းနိုင်ပဲ လမ်းကြောင်းကို ကျော်ကာလွင့်ထွက်ပြီး အကာအရံထဲသို့ ဝင်တိုးတိုက်မိခဲ့ခြင်းဖြစ်သည်။ Sophia ဟာ ယခုပွဲမတိုင်မီ ဖော်မြူလာဖိုး ပြိုင်ပွဲတွင် အငယ်တန်းအဆင့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ ဖော်မြူလာသရီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။








