BEC-TERO TV

နေ့သစ်မှာ ကျန်းမာပျော်ရွှင် လန်းဆန်းတတ်ကြွဖို့ မနက်စောစော ရေသောက်စို့

23 Nov 2018     2,009 Views


ရေသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်ဆိုသလို 'ရေအသက် တစ်မနက်' လို့တောင် ဆိုရိုးစကားရှိပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၂ လီတာနဲ့အထက် သောက်သုံးသင့်ပါတယ်။ မနက်နိုးထချိန်တိုင်း ရေသောက်ပေးခြင်းသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို သွေးလည်ပတ်မှုကောင်မွန်စေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။


မနက်စောစော ရေတစ်ခွက်သောက်လိုက်ခြင်းအားဖြင့်

၁ ရောဂါဝဒနာများ ဖြစ်ပွားစေမှုမှ ကာကွယ်တားဆီးပေးခြင်း။
ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ နှလုံးရောဂါပြဿနာများ၊ ဝက်ရူးပြန်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အဆစ်၊ ဆီးချို၊ ဝမ်းချုပ်၊ အဝလွန်ခြင်း၊ တီဘီ၊ ဦးနှောက်အမြှေးရောင်၊ ကျောက်ကပ်ရောဂါ၊ သားအိမ်ရောဂါ အစရှိသည့် အချို့သောရောဂါတို့ ဖြစ်ပွားစေမှုကို ကာကွယ်တားဆီးပေးပါတယ်။
 
၂ အစာအိမ်နှင့် အူလမ်းကြောင်း သန့်ရှင်းစေပါတယ်။
မနက်စောစော ရေကို ဖန်ခွက် ၁ ခွက်ခန့်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အပူအပုပ်ကင်းရှင်းစေပါတယ်။ အပူများသူများနှင့် ဝမ်းချုပ်တတ်သူများအတွက် ရေကို မနက်စောစာ ပိုသောက်သုံးပေးသင့်ပါတယ်။
 
၃ လန်းဆန်း တတ်ကြွ အားအင်း တိုးစေတယ်။
ရေကို မနက်စောစော သောက်သုံးလိုက်ခြင်းဖြင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟာ တစ်နေ့အတွက် စိတ်နဲ့ခန္ဓာ လန်းဆန်းစေပြီး ခန္ဓာကိုယ်ထဲမှ သွေးနီဥထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ အားအင်တွေလည်း တိုးပွားစေပါတယ်။

၄ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးဟာ ရွှေလို ဝင်းလက်တောက်ပလာမှာ ဖြစ်ပါတယ်။ အရွယ်တင်ခြင်း၊ အချိန်မတန်ခင် ပါးရည်တွန့်ခြင်းတွေကလည်း ကာကွယ်ပေးပါသေးတယ်။
 
မနက်စောစော ရေသောက်ခြင်းဖြင့် အကျိုးကျေးဇူးတွေ အများကြီးပေးတယ်ဆိုတာ သိပြီးပြီဆိုတော့ နောက်ရက်ကစပြီး အိပ်ရာထ မျက်နှာမသစ်ခင် ရေတစ်ကျိုက်လောက် အရင်သောက် ပြီး လန်းဆန်တတ်ကြွ ကျန်းမာပျော်ရွင်တဲ့ နေသစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ...
 
(ပိုပိုလေး)

23 Nov 2018     2,009 Views




RELATED

Most Popular of Health Fix

Most Popular of Life Style