BEC-TERO TV

ရေမြေခြားတိုင်းတစ်ပါးမှာတောင် မြန်မာဆန်ဆန်လေးလှပြလိုက်တဲ့ မအေးသောင်း

26 Nov 2018     2,358 Views


ရုပ်ရှင်သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ငယ်စဉ်အရွယ်ကတည်းက အနုပညာလောကမှာ ပရိသတ်အားပေးမှုတွေကို အပြည့်အ၀ရရှိထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကထဲမှ ခေတ္တခဏပျောက်ကွယ်သွားခဲ့ပြီး မအေးသောင်းနာမည်နဲ့ တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ သူမကတော့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုမှ လှပစွာဝတ်စားကာ တည်ငြိမ်ရင့်ကျက်တဲ့အလှတရားနဲ့ ဖမ်းစားနိုင်သူဖြစ်တာကြောင့် ပုရိဿအပေါင်းရဲ့ဝန်းရံအားပေးခြင်းကို ခံထားရသူလေးပဲဖြစ်ပါတယ်။



ယောကျာ်းထုကြီးသာမက မိန်းကလေးပရိသတ်များရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မအေးသောင်းကတော့ လက်ရှိမှာ စင်္ကာပူနိုင်ငံကိုရောက်ရှိလို့နေပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအတွက် စင်္ကာပူမှပရိသတ်များနဲ့တွေ့ဆုံဖို့ ရောက်ရှိနေတာဖြစ်ပြီး အားလပ်ချိန်လေးမှာ စင်္ကာပူမြို့အနှံ့လည်ပတ်ခဲ့တဲ့ မအေးသောင်းကတော့ ရေခြားမြေခြားတိုင်းတစ်ပါးမှာတောင် မြန်မာဆန်ဆန်လေးနဲ့ လှပြလိုက်ပါတယ်။



မြန်မာဝတ်စုံလေးတွေကို နှစ်သက်မြတ်နိုးသူတစ်ယောက်ဖြစ်တဲ့ အေးသောင်းကတော့ အများသူငါကြားငေးမောရလောက်အောင် ထူးခြားလှပနေပါတယ်နော်။ စင်္ကာပူရောက် မအေးသောင်းရဲ့ မြန်မာဆန်ဆန်လှနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။






26 Nov 2018     2,358 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment