BEC-TERO TV

ဂုတ်ပေါ်ကမချနိုင်လောက်အောင် မြေးလေးကိုထိန်းရင်း Night Duty ကျခဲ့တဲ့ ဖိုးဖိုးလွင်မိုး

26 Nov 2018     1,545 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးလွင်မိုးဟာဆိုရင် ဇာတ်ရုပ်ပေါင်းများစွာကို ပီပီပြင်ပြင်သရုပ်ဆောင်ရင်း များစွာသောအောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ အများကချစ်ခင်လေးစား အားပေးကြရတဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို သမီးလေးနှစ်ယောက်နဲ့အတူတည်ဆောက်ထားပြီး သမီးကြီးဖြစ်သူယွန်းဝတီလွင်မိုးကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားသူဖြစ်ပါတယ်။


အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ရက်သားကျကာ မိသားစုဘ၀ကိုပိုင်ဆိုင်နေပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ Liam ဆိုတဲ့သားလေးတစ်ယောက်မွေးဖွားထားကာ သားယောကျာ်းလေးမရှိတဲ့ လွင်မိုးတို့မိသားစုကတော့ သားမြေးဦးလေးဖြစ်တဲ့ Liam လေးကို ချစ်မဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။



ဖိုးဖိုးဖွားဖွားတွေသာမက ပရိသတ်တွေ့ရဲ့ အသဲကျော်လေးဖြစ်နေတဲ့ မြေးလေး Liam ကိုထိန်းရင်း Night Duty ကျခဲ့တဲ့ ဖိုးဖိုးကြီးလွင်မိုးတို့ မြေးအဖိုးနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုကို ဖွားဖွားမေသူက သူမရဲ့ဖေ့စ်ဘွတ်မှာ တင်ထားခဲ့တာပဲဖြစ်ပါတယ်။ ပခုံးပေါ်ကမချနိုင်လောက်အောင် မြေးလေးကိုထိန်းကျောင်းနေတဲ့ ဖိုးဖိုးလွင်မိုးရဲ့ ဗီဒီယိုက ကြည့်မိသူတိုင်းကို ကြည်နူးစေမိမှာပါနော်။ သားစဉ်မြေးဆက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားကြတဲ့ Liam တို့မြေးအဖိုးနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။





26 Nov 2018     1,545 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment