BEC-TERO TV

ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ထားသော အမွှာကလေးနှစ်ဦး အောင်မြင်စွာ မွေးဖွား

27 Nov 2018     1,376 Views


ကမ္ဘာပေါ်တွင် ပထမဦးဆုံးဖြစ်သော မျိုးရိုးဗီဇကို လိုသလို ပြုပြင်ထားတဲ့ အမွှာသမီးလေးနှစ်ဦးကို တရုပ်ဆေးသိပ္ပံပညာရှင်များက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာခဲ့သည်။ ဒီသတင်းကြောင့် ဆေးသိပ္ပံလောကာမှာ အငြင်းပွားစရာ အကြောင်းတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

တရုပ်လူမျိုး ပရော်ဖက်ဆာ He Jiankui က ယူကျု့ပေါ်တွင် ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာ DNA မျိုးဗီဇကို စိတ်ကြိုက်ပြုပြင် ပြောင်းလဲထားတဲ့ အမွှာသမီးလေးနှစ်ဦးကို လွန်ခဲ့သော သီတင်းပတ်အနည်းငယ်က အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဒီကလေး နှစ်ယောက်ရဲ့ မျိုးဗီဇဟာ ပြုပြင်ထားတာကြောင့် HIV ဗိုင်းရပ်စ်ပိုး မကူးစက်နိုင်ဘူးလို့ ဆိုပါတယ်။


ပရော်ဖက်ဆာ He Jiankui ဟာ အမေရိကန်နိုင်ငံ စတန်းဖို့ဒ့် ကနေကျောင်းပြီးထားသူဖြစ်ပြီး တရုပ်နိုင်ငံ တောင်ပိုင်း ရှန်ကျန်းပြည်နယ်က သုတေသနဓါတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်နေသူလည်း  ဖြစ်ပါတယ်။ ကလေးတွေရဲ့ DNA ကို CRISPR ဆိုတဲ့ နည်းပညာသုံးပြီး လိုသလို တည်းဖြတ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ပြောကြားထားတဲ့ ရုပ်သံပျံ့နှံ့သွားခဲ့ပြီး သိပ္ပံပညာရှင် အဖွဲ့အစည်းများကြားမှာ အငြင်းပွားပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ကလေးတွေကို “လူလူး” နဲ့ “နာနား” (အမည်းရင်းမဟုတ်) ပေးထားတယ်လို့ ရုပ်သံမှာ မိတ်ဆက်ခဲ့ပါတယ်။ ကလေးတွေကို ပုံမှန်အတိုင်း  မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ကိုယ်ဝန်ဆောင်စေခဲ့ပေမယ့် သန္ဓေသားလောင်းလေးတွေကို ဗီဇပြုပြင်ပြီးနောက် ဥခွံထဲထည့်ပြီးမှ မိခင်ရဲ့ ဗိုက်ထဲကို ထည့်ပေးခဲ့တာလို့ဆိုပါတယ်။

“ဖခင်ရဲ့ သုတ်ပိုးကို ဥခွံထဲ ထည့်ပြီးတာနဲ့တစ်ပြိုင်နက် သန္ဓေသားပညာရှင်က လိုအပ်တဲ့ CRISPR/C9 ပရိုတင်းကို ထည့်ပေးလိုက်ပြီး အနာဂါတ်မှာ HIV မဖြစ်စေနိုင်ဖို့ မျိုးရိုးဗီဇကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ် လုပ်ဆောင်ပါတယ်၊ ပြီးတော့မှ မိခင်ရဲ့ ဗိုက်ထဲထည့်ပြီး ကိုယ်ဝန်ဆောင်စေခဲ့တာပါ” လို့ ရုပ်သံမှာ ရှင်းပြခဲ့ပါတယ်။


အင်္ဂါနေ့(ယနေ့) ဟောင်ကောင်မှာ ပြုလုပ်မယ့် ပညာရှင်များဆွေးနွေးပွဲမှာ ယခုနည်းပညာနဲ့ ပက်သက်ပြီး အသေးစိတ် ရှင်းပြသွားဖို့ရှိနေတယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပညာရှင်အချို့ကတော့ မျိုးရိုးဗီဇနဲ့ ပက်သက်ပြီး နည်းပညာသုံးစွဲတဲ့နေရာမှာ မျိုးရိုးစဉ်ဆက်ပါသွားနိုင်တာကြောင့် လိုက်နာစောင့်ထိန်းအပ်တာတွေကို ဂရုတစိုက်လုပ်ဆောင်ဖို့လို့ကြောင်း သတိပေးခဲ့ပါတယ်။


27 Nov 2018     1,376 Views




RELATED

Most Popular of International News

Most Popular of NEWS