BEC-TERO TV

မနက်ခင်းလေးတစ်ခုကိုလန်းဆန်းစေခဲ့တဲ့ ဘေဘီမောင်ရဲ့အလှ

27 Nov 2018     3,514 Views


ရုပ်ရှင်သရုပ်ဆောင် ဘေဘီမောင်ကတော့ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ညှို့အားပြင်းဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေရဲ့အကြိုက်ကိုလိုက်ကာ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုမှ လှပစွာဝတ်စားကာ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားသူနိုင်သူလေးပဲဖြစ်ပါတယ်။


ရံဖန်ရံဖန်နေရာဒေသအလိုက် ဖက်ရှင်ဆန်းလေးတွေ ၀တ်ဆင်မိတဲ့အခါလဲ ပရိသတ်တွေကို ပြန်ချော့လေ့ရှိတဲ့ ဘေဘီမောင်ကတော့ ခပ်လန်းလန်းဖက်ရှင်ကိုဝတ်စားကာ မနက်ခင်းလေးတစ်ခုကို လန်းဆန်းနေစေခဲ့ပါတယ်။



“မောနင်းချစ်ဆုံးတို့ရေ… ခပ်လန်းလန်းဝတ်ရင်စိတ်ဆိုးရဘူးနော် တစ်ခါတလေပါ” ဆိုပြီး တောင်းပန်စကားလေးဆိုကာ မနက်ခင်းနေရောင်ခြည်အောက်မှာ လှပနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်တာပဲဖြစ်ပါတယ်။ မနက်ခင်းတစ်ခုကို လန်းဆန်းစေခဲ့တဲ့ ဘေဘီမောင်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်…






27 Nov 2018     3,514 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment