BEC-TERO TV

စက်လှေ မတော်မဆမှုကြောင့် လူ ၃၀ ဦးကျော် သေဆုံး

27 Nov 2018     1,330 Views


ပြီးခဲတဲ့ နိုဝင်ဘာလ ၂၅ ရက် တနင်္ဂနွေ နေ့က ယူဂန်ဒါ နိုင်ငံ မူကိုနို ပြည်နယ်မှာ ခရီသည် အယောက် ၁၀၀ ကျော် ပါဝင်တဲ့ စက်လှေ တစ်စင်းဟာ ဆိုးရွားတဲ့ ရေကြောင်း အန္တရယ်ကြောင့် မြစ်ထဲတွင် တိမ်းမှောက်ခဲ့ရာ ၃၀ ဦးသေဆုံးခဲ့ပါတယ်။

မူဂိုနို ပြည်နယ် ရဲတပ်ဖွဲ့က “ဖြစ်စဉ်က ဆိုးရွားပါတယ် ၊ စက်လှေ တိမ်းမှောက်ခဲ့ပြီးနောက် ကျွန်နုပ်တို့ ကယ်ဆယ်ရေး မှ ခရီးသည် ၂၇ ယောက်ကို ညတွင်းချင်း ကယ်တင်ခဲ့နိုင်ပြီး လောလာဆယ် သတင်း အရ ခရီးသည် အယောက် ၃၁ ကျော်သေဆုံး မှုရှိကြောင်း “ ရဲမှူး ဆူရန်ဂါယာနာက ပြောပါတယ် ။

အဆိုပါ စက်လှေ တိမ်းမှောက် ခဲ့ပြီးနောက်  အမျိုးသမီးတစ်ဦးက ရဲတပ်ဖွဲသို  သတင်းပေးပို့ခဲ့ပြီး  ချက်ချင်း ကယ်ဆယ်မှူပြုလုပ်ခဲ့ကြောင်း ပြောပါတယ် ။ သတင်းပေးပို့သူ အမျိုးသမီးဟာ စက်လှေတိမ်းမှောက်ရာ နေရာ အနီးအနား ရွာမှ ဖြစ်ပြီး ကမ်းအနီးအနား မှ “ ကူညီပါ ကူညီပါ ” အသံကြားရာမှ ရဲတပ်ဖွဲအား အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ စက်လှေဟာ လိုင်စင်မဲ့ဖြစ်ပြီး တင်ဆောင်ခွင့် လူဦးရေ ထက် ပိုမိုတင်ဆောင်ခဲ့တာဖြစ်တယ် လို့ ဒေသအာဏာပိုင် တွေက ပြောပါတယ်။ အဆိုပါ မြစ်မှာ အရင်ကလည်း လူ ဦးရေ ၂၀၀ ခန့်သေဆုံးမှုဖြစ်ပွာခဲ့တယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲက စက်လှေ ၊ ဇက် အစရှိသည် လူဦးရေ အပို မတင်ဆောင်ဖို့နဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားဖို့ သတိပေး ကြေညာထားပါတယ်။


27 Nov 2018     1,330 Views




RELATED

Most Popular of International News

Most Popular of NEWS