BEC-TERO TV

အိုလံပစ် ပွဲတော် ကျင်းပမည့်မြို့မှာ ဓါတုစက်ရုံ ပေါက်ကွဲမှုကြောင့် ၂၂ ဦးသေဆုံး ၊ လူ ၂၂ ဦးဒဏ်ရာရရှိ

28 Nov 2018     1,575 Views


နိုဝင်ဘာလ ၊၂၈ ရက်နေ့ ယနေ့ မနက် အစောပိုင်းမှာ တရုတ်နိုင်ငံ မြောက်ပိုင်း မှာ ဓါတုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးသေဆုံပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့တယ် လို့သိရပါတယ် ။


အခုလောလာဆယ် ဒဏ်ရာရရှိထားသူမျာကို ဆေးကုသမှု ခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားပြိး ဆက်လက်ပြီး ဒဏ်ရာ ရရှိသူ နင့် သေဆုံး သူရှိ ၊ မရှိ ပြန်လည် စစ်ဆေးရှာဖွေနေကြောင်းသိရသည် ။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေး နှင့် မတော်မဆ မှုဖြစ်ပွားနေမှုအကြောင်းရင်းကို ရှာဖွေနေတယ်လို့ တရုတ်အာဏာပိုင် အဖွဲ့အစည်းက ပြောပါတယ်။


ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ ဟာ ဂျန်ဂျာကို မြို့ ၊ Hebei Shenghua ဓါတု စက်ရုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘေကျင်းမြို့၏ မြောက်ဘက် ၁၂၄ မိုင်အကွာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ အင်တာနက် သတင်းအရ ပေါက်ကွဲမှုမှာ ထရက်စ်ကား အရှည် ၃၈ စီးနှင့် ၊ ရိုးရိုးကား ၁၂ မီးလောင်ကျွမ်းခဲ့တယ် လို့ သတင်းမှာဖော်ပြထားပါတယ်။


တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ အိုလံပစ် ပွဲတော် ကျင်းပခွင့်ရရှိထားတာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံပုံရိပ် ဆိုရွားစေပြီး အိုလံပစ် ပွဲတော် ကျင်းပရေးမှာ အဟန့်အတားဖြစ်စေနိုင်တယ် လို့ နိုင်ငံတကာမီဒီယာ များက သုံးသပ်ထားပါတယ်။


28 Nov 2018     1,575 Views




RELATED

Most Popular of International News

Most Popular of NEWS