BEC-TERO TV

ငွေသောင်ယံကမ်းပါးထက်က ရူးခါနေအောင်လှလွန်းတဲ့ သူမ

28 Nov 2018     2,002 Views


အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးကတော့ ဖြူဖွေးနုဖတ်လွန်းတဲ့ အသားအရည်နဲ့ သေးသွယ်လှပတဲ့ ဘော်ဒီလေးကို ပိုင်ဆိုင်ထားပြီး အရုပ်မလေးလို ပြစ်မျိုးမှဲ့မထင် လှပသူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အခိုင်အမာချစ်ခင်အားပေးခြင်းကိုခံထားရသူဖြစ်ပါတယ်။ အဆိုပိုင်းမှာပါသာမက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ရဲ့လက်ခံအားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ နန်းဆုရတီစိုးကတော့ ခရီးသွားရတာကိုလဲ နှစ်သက်ဝါသနာပါသူဖြစ်ပါတယ်။




ဖက်ရှင်ပိုင်းမှာဆိုလဲ အထာကျကျ ထိမိနေတဲ့ ဖက်ရှင်တွေကိုဝတ်စားလေ့ရှိတဲ့ နန်းဆုကတော့ လက်တလောကို ကမ်းခြေမှာပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ကမ်းခြေရောက်ခိုက် Swim suit လေးနဲ့သူမရဲ့အလှတို့ကို လှစ်ဟာပြလိုက်တဲ့ နန်းဆုကတော့ “ပင်လယ်ပြာပြာ ကောင်းကင်ပြာပြာရဲ့ ဆွဲငင်မှုကြောင့် swim suit လေးဝတ်ပြီးရေကူးမိတယ်… ကမ်းခြေမှာ ဘယ်သူမှမရှိတုန်းနေပူကြီးထဲပြေးပြီး ဓာတ်ပုံရိုက်မိတယ်လို့” ဆိုကာ ငွေသောင်ယံကမ်းပါးထက်က ရူးခါသွားအောင် လှလွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကောင်းကင်နဲ့ ပင်လယ်ကြီးရယ်ကြား ပနံတင့်စွာလှပနေတဲ့ နန်းဆုရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။







28 Nov 2018     2,002 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment