BEC-TERO TV

အသက် ၈ နှစ်အရွယ်ကလေး ပါးစပ်ထဲ အကင်ကြော်တုတ် ထုတ်ချင်းပေါက်စိုက်ဝင်

30 Nov 2018     2,091 Views


ယနေ့ခေတ် လူကြိုက်များတဲ့ လမ်းဘေးစားစရာတွေဖြစ်တဲ့ ဝါးတုတ်ထိုးပြီး ရောင်းချနေတဲ့ အသားကင်များ၊ အသားလုံးကင်၊ တုတ်ထိုးကင် ဆိုင်များကို နေရာတိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။ ဒီလိုအသားလုံးတွေ၊ အသားတွေကို ထိုးထားတဲ့ ဝါးတုတ်ချောင်းတွေက အခန့်မသင့်တဲ့အခါ ဘယ်လောက် အန္တရာယ်ကြီးမားတယ်ဆိုတာကို ယခုသတင်းက မီးမောင်းထိုးပြလိုက်ပါတယ်။

ထိုင်းနိုင်ငံက အသက် ၈ နှစ်အရွယ် “တွန်နာဝပ်” ဆိုသူကလေးဟာ အကင်ကျော် တုတ်ထိုးကို စားရင်းနဲ့ အဖိုးဖြစ်သူ အသက် ၆၄ နှစ်အရွယ် “နိုင်ပို” ဆိုသူ မောင်းနှင်တဲ့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာခဲ့ပါတယ်။ အဖိုးအိုက ဆိုင်ကယ်ကို ပုံမှန်ပဲ မောင်းလာခဲ့ပါတယ် ဒါပေမယ့်တစ်နေရာအရောက်မှာတော့ ရုတ်တရက် သူ့ရှေ့ကနေ ဆိုင်ကယ်တစ်စီး ဖြတ်ဝင်ခဲ့တာကြောင့် ဟန်ချက်ပျက်ပြီး ဆိုင်ကယ်မှောက်ကာ မြေးအဖိုးနှစ်ယောက်စလုံး လမ်းပေါ် လွင့်ကျသွားပါတယ်။


ဖြစ်ချင်တော့ ဆိုင်ကယ်မှောက်တော့မယ့်အချိန်မှာ “တွန်နာဝပ်” က အသားလုံးတုတ်ကို ပါးစပ်ထဲထည့်ပြီး စားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားခဲ့ပြီး ဝါးတုတ်ချောင်းဟာ ကလေးရဲ့ လျှာအောက်ကနေ ထုတ်ချင်းပေါက် စိုက်ဝင်သွားခဲ့ပါတယ်။


ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ကလေးကို နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးပို့ပေးခဲ့ကြပါတယ်။ တုတ်ချောင်းကို ပြန်နှုတ်ယူနိုင်ခဲ့ပြီး ဒဏ်ရာကို ပိုးမဝင်အောင် ဆက်လက်ကုသရဦးမှာဖြစ်ပါတယ်။


30 Nov 2018     2,091 Views




RELATED

Most Popular of Special or Others

Most Popular of NEWS