စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာ ခံစားခဲ့ဖူးတဲ့ ပတ်ဟယ်ဂျင်း
30 Nov 2018 1,417 Views

Cheese in the trap ရဲ့ ခေါင်းဆောင်မင်းသား ပတ်ဟယ်ဂျင်း ဟာ တစ်ချိန်က စိတ်ကစဉ့်ကလျား ရောဂါဝေဒနာကိုခံစားခဲ့ဖူးတယ်အကြောင်း ဝန်ခံခဲ့ပါတယ်။

သူဟာ အနုပညာရှင်တစ်ယောက်မဖြစ်ခင်ကတည်းက စိတ်ပိုင်းဆိုင်ရာဝေဒနာကို ခံစားနေခဲ့ရတာပါ။ ဒါကြောင့်လဲ Cheese in the trap ဇာတ်လမ်းတွဲထဲက စီနီယာ Yoo Jung ကာရိုက်တာနဲ့ သူက အရမ်းလိုက်ဖက်နေတာမဆန်းပါဘူး။ ဒီလို ရောဂါဝေဒနာ ခံစားနေရသူတွေဟာ ဒီတိုင်းကြည့်ရင်တော့ သာမန်လူတစ်ယောက်လိုပါပဲ။ သူတို့ဟာ သူတို့ရင်ထဲမှာဘာဖြစ်နေလဲဆိုတာ ပြလေ့မရှိကြပါဘူး။ အမြဲအဆင်ပြေနေသလိုဖုံးကွယ် ထားပြီး မကျေနပ်မှုတွေများလာတဲ့အခါမှာ ပေါက်ကွဲထွက်လာတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ပတ်ဟယ်ဂျင်းဟာ ၂၀၀၂ ခုနှစ်မှာ အဆုတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ဆေးကုသမှုကိုခံယူခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ် ဇွန်လမှာတော့ depression နဲ့ sociophobia (လူအစုအဝေးနှင့်နေထိုင်သွား လာရမှာကြောက်ရွံ့ခြင်း) ရောဂါဝေဒနာကို ခံစားနေရတဲ့အတွက် Kyung Buk University ရဲ့ တက္ကသိုလ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ထိုရောဂါကို နိုဝင်ဘာ ၂၈ ၊ ၂၀၀၅ ခုနှစ်အထိ နှစ်နှစ်တိုင်တိုင် ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
စိတ်ရောဂါနဲ့ပတ်သတ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံရတာ ခင်ဗျားတို့ထင်သလို မလွယ်ကူဘူးလို့ သူကပြောပြဖူးပါတယ်။ ဒီလို ကုသမှု ခံယူခဲ့တယ်ဆိုတာလဲ သူ့မိသားစုက အလိုရှိခဲ့တဲ့အတွက် ကုသမှုခံယူခဲ့တယ်လို့ဆိုထားပါတယ်။
.jpg)
ဟယ်ဂျင်းဟာ အခြားယောင်္ကျားသားများနည်းတူ စစ်မှုထမ်းချင်ပေမယ့် စိတ်ရောဂါ ဝေဒနာကြောင့် စစ်မှုထမ်းခွင့် မရခဲ့ရှာပါဘူး။ တောင်ကိုးရီးယားမှာ စစ်မှုမထမ်းနိုင်တဲ့ ယောင်္ကျားသားများဟာ စေတနာ့ဝန်ထမ်းအနေနဲ့ NGO အဖွဲ့အစည်းများဖြင့် ပူးပေါင်းကား တာဝန်ထမ်းဆောင်ကြရပါတယ်။ သို့ပေမဲ့ ပတ်ဟယ်ဂျင်းကတော့ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့ရပေမယ့် ရပ်တန့်ခြင်းခံခဲ့ရပါတယ်။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး သူစိတ်ထိခိုက်ခဲ့ရတယ် လို့ တစ်ခါပြောဖူးပါတယ်။ ဖြစ်နိုင်ရင် သူလဲ သာမန် အမျိုးသားတွေလို စစ်မှုထမ်းကြည့်ချင်တယ်လို့ဆိုထားပါတယ်။ သူ့မှာ ဒီလိုကျန်းမာရေးပြဿနာတွေရှိနေတဲ့အတွက် သူကိုယ်တိုင်ကလဲ စိတ်ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သာမန်လူတစ်ယောက်လို နေထိုင်နိုင်အောင် ကြိုးစားပါ့မယ် လို့ပြောကြားထားပါတယ်။
.jpg)