BEC-TERO TV

ရေဓာတ်ခန်းခြောက်ခြင်း အကြောင်း သိကောင်းစရာများ

10 Aug 2015     1,615 Views


လူခန္ဓာကိုယ်မှာသောက်သုံးတဲ့ရေထက်စာရင် ကုန်ဆုံးသွားတဲ့ရေဓာတ်ပမာန များပြားသွားတဲ့အခါ ရေဓာတ်ခန်းခြောက်ခြင်းရောဂါ လက္ခဏာတွေခံစားရပါတယ်။ရေဓာတ်ခန်းခြောက်တာဟာ အများအားဖြင့် ပူအိုက်တဲ့ရာသီမှာအားကစားကို အပြင်းအထန်လုပ်တာတွေ ၊ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်မယ် အန်မယ်၊ ချွေးအလွန်အမင််းထွက်မယ် ၊လိုအပ်တဲ့ရေဓာတ်အလုံအလောက်မရှိဘူးဆိုရင် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။
 
ရေဓာတ်ခန်းခြောက်ခြင်းဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်ပါတယ် အထူးသဖြင့် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။နာတာရှည်ရောဂါ ခံစားနေရတဲ့လူတွေမှာလဲ အဖြစ်များပါတယ်။ရောဂါလက္ခဏာ မပြင်းထန်ဘူးဆိုရင် လုံလောက်တဲ့ ရေကို သောက်ပေးခြင်းဖြင့်ရေဓာတ်ခန်းခြောက်ခြင်းကို သက်သာစေနိုင်ပါတယ်။ရေဓာတ်ခန်းခြောက်ခြင်းမှာတွေ့ရတဲ့ရောဂါလက္ခဏာတွေကတော့ သာမန်ရေဓာတ်ခန်းခြောက်တဲ့အခါ  ပါးစပ်တွေခြောက်မယ် ၊ အိပ်မပျော်တာတွေဖြစ်ပါမယ်။
 
ကလေးတွေမှာ ဆိုရင်သာမန်အချိန်တွေထက်ငြိမ်သွားမယ်ရေဆာတာမျိုးတွေ ၊ဆီးသွားနည်းသွားတာတွေ ၊နို့စို့ကလေးတစ်ယောက်မှာ ၃နာရီကြာတောက်လျှောက်ဆီးမသွားနိုင်ပဲဖြစ်နေမယ်၊ငိုတဲ့အခါမျက်ရည်နည်းသွားမယ် ၊မျက်ရည်လုံးဝမကျဘူးဖြစ်နေမယ်၊ခေါင်းကိုက်မယ် ၊ဝမ်းချုပ်မယ် ၊မူးဝေတာမျိုး စသဖြင့် ဖြစ်တက်ပါတယ်။
 
ပြင်းထန်တဲ့ရေဓာတ်ခန်းခြောက်ခြင်းမှာကတော့ အလွန်အပင်းရေဆာ လာမယ်၊ကလေးငယ်တွေဟာ ဆိုရင် အိပ်မပျော်ဘူးဖြစ်မယ် ၊လူကြီးတွေမှာဆိုရင် ကယောင်ကတန်းဖြစ်မယ် ၊အလွန်အမင်းအာခေါင်ခြောက်တာတွေအရေပြားခြောက်တာတွေ၊ဆီးသွားတာနည်းခြင်းလုံးဝမသွားနိုင်တာတွေဖြစ်နိုင်ပါတယ်။အမြင်ဝေ၀ါးတာတွေ၊bloodpressure သွေးပေါင်တွေကျနေမယ်၊သွေးခုန်နှုန်းတွေမြန်လာမယ် ၊အဖျားရှိမယ်၊မျက်ရည်လုံးဝမကျတော့တာမျိုးတွေဖြစ်မယ်၊သတိလစ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ကျန်းမာတဲ့လူတွေကြတောသာမာန့် ရေဓာတ်ခန်းခြောက်တာကို ရေသောက်ခြင်း ၊အချိုရေသောက်ခြင်းဖြင့်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
 
ဆိုးဝါးစွာ ရေဓာတ်ခန်းခြောက် တဲ့လက္ခဏာတွေရှိရင် ဆီးမသွားနိုင်တော့တာ ၊မူးဝေတာတွေ ၊ကယောင်ချောက်ချားဖြစ်တာတွေ ရှိလာရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသရပါမယ်။ ကလေးငယ်တွေ ၊နာတာရှည်ရောဂါသည်တွေ ၊လူကြီးတွေမှာရေဓာတ်ခန်းခြောက်ခြင်းဖြစ်လာပြီဆိုရင်ပိုကရုစိုက်ပေးရပါမယ်။ရေဓာတ်ခန်းခြောက်ခြင်းဟာ တခြားပြင်းထန်တဲ့ရောဂါပိုးတွေပါ ဝင်လာနိုင်ပါတယ်။ဥပမာ အားဖြင့် ဦးနှောက် အမှေးပါးရောင်တာ ၊ခန္ဓကိုယ်မှာသွေးပမာဏ လျှော့နည်းလာတာတွေ၊ကျောက်ကပ်ပျက်စီးလာတာတွေ၊တစ်ကိုယ်လုံးအကြောသေတာတွေ၊အဆိုးဆုံးအားဖြင့် သေဆုံးနိုင်တာတွေဆက်လက်ဖြစ်ပေါ်စေနိုင်ပါတယ်။
 
ကုသခြင်း အားဖြင့် ပထမဆုံး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြန်လည်ဖြည့်တဲ့နေရာမှာလဲ အသက်အရွယ်အလိုက်ပြန်လည်ဖြည့်ပေးရမဲ့ ရေပမာဏ ကွဲပြားပါတယ်။ကလေးငယ်တွေမှာဆိုရင် အရည်တွေကိုပါးစပ်ကနေတိုက်မယ်မိခင်နို့ဆို့နေတဲ့ကလေးတွေမှာလဲမိခင်နို့တိုက်မယ်၊ဝမ်းသွားစေတဲ့အရည်တွေအစာတွေကို ရှောင်ရှားရပါမယ်။
 
လူလတ်ပိုင်းမှာ ဆိုရင်တော့ ဆုံးရှုံးသွားးတဲ့အရည်တွေကို ပြန်လည်ဖြည့်တင်းပေးမယ်၊ဓါတ်ဆားရေသောက်ပေးမယ် ၊ အချိုရေတွေသောက်ပေးခြင်းဖြင့်ပြည်လည်ဖြည့်တင်းပေးလို့ရပါတယ်။အားကစားသမားတွေမှာဆိုရင် နေပူထဲမှာပြင်းထန်တဲ့အားကစားတွေလုပ်မယ်ဆိုရင် ရေဓာတ်ကော ဆားဓာတ်ကော ပြန်လည်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ပြင်းထန်တဲ့ရေဓာတ်ခန်းခြောက်မှုဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့သွားရမှာပါ။ထို့ကြောင့် ရေဓာတ်ခန်းခြောက်မှု မဖြစ်ရအောင်ကရုစိုက်သင့်ပါတယ် ။ဆုံးရှူးမှုဖြစ်သွားရင်လဲ ပြန်လည် ဖြည့်တင်းပေးဖို့လိုအပ်ပါတယ် ။

10 Aug 2015     1,615 Views




RELATED

Most Popular of Health Fix

Most Popular of Life Style