BEC-TERO TV

သိကောင်းစရာအမျှင်ဓာတ်ပါသောအစားအစာများ

10 Aug 2015     1,953 Views


နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာပါတဲ့အမျှင်ဓာတ်တွေဟာ အစာအိမ်နဲ့အူထဲလမ်းကြောင်းမှာရှိတဲ့လုပ်ရှားသွားလာမှုကိုအထောက်အကူပေးပါတယ်။ဝမ်းသွားခြင်းက်ုလဲ အထောက်အကူပေးပါတယ်။အစာအသောက်ကို အမျှင်နည်းသွားရင် ဝမ်းချုပ်တာတို့၊ဝမ်းရောဂါဖြစ်တာတွေ ၊အစာအိမ်နဲ့အူလမ်းကြောင်းမှာအခြားရောဂါတွေဖြစ်တာတွေဖြစ်နိုင်ပါတယ်။
 
ထမင်း ၊ပဲ အမျိုးမျိုး ၊ကောက်ပဲသီးနှံတွေ၊အရွက်တွေ ၊ကောက်ပဲသီးနှံကနေပြုလုပ်ထားတဲ့ အစားအစာတွေ၊အာလူးတွေ ၊အမျှင်ပါတဲ့အစားအသောက်တွေ က ဖိုင်ဘာတွေကိုရရှိပါတယ်။စပါးစေ့ ၊အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ ကသွေးထဲမှာရှိတ ဲ့ကိုလက်စရောလျှော့ကျစေပါတယ်။ပဲအမျိုးမျိုးတွေ ဆန်ကြမ်းတွေကရတဲ့ ဓါတ်တွေက ဝမ်းချုပ်တာ၊အူလမ်းကြောင်းပုံမမှန်ဖြစ်တာတို့တွေကို ကာကွယ်ပေးပါတယ်။အစာအမျှင်ကို စားသုံးခြင်းဖြင့် ဝမ်းဗိုက်ထဲမှာနာတာတွေအောင့်တာတွေ လေထိုးတဲ့ပုံစံတွေခဏတာဖြစ်တက်ပါတယ် ။အမျှင်ပါတဲ့အစားအစာတွေ အစားထိုးစားတာတွေ ဥပမာ ဆေးလုံးတွေ ၊ဆေးပြားတွေပိတ်ဆေးလိုဆေးတွေ ၊ဝမ်းသွားစေတဲ့ဆေးတွေလဲရှိပါတယ်။
 
ဒီဆေးတွေက ပုံမှန်စားတဲ့အစားအသောက်တွေလောက်အကျိုးအာနိသင်မရှိပါဘူး ။ အမျှင်ပါတဲ့အစားအသောက်တွေကို အများကြီးမစားသောက်နိုင်ဘူးဆိုရင်တော့ ဒီဆေးတွေကို သောက်သုံးပေးလို့ရပါတယ်။အကောင်းဆုံးကတော့ အမျှင်ပါတဲ့အစားအသောက်တွေ ၊ဆန်ကြမ်းတွေ၊အသီးအရွက်တွေကိုစားပေးသင့်ပါတယ်။ဆန်ကြမ်းမှရတဲ့အမျှင်ကတော့ လူသားတွေအတွက်အဓိကအမျှင်တခုဖြစ်ပါတယ်။ပမာဏအားဖြင့် တနေ့ကို၂၇ ဂရမ် လိုအပ်ပါတယ်။အသီးအနှံအစေ့ကရတဲ့အမျှင်တွေပဲအမျိုးမျိုးမှရတဲ့အမျှင်တွေ က အသီးအရွက်က ရတဲ့အမျှင်ထက်ပိုများပါတယ်။
 
အသီိးအရွက်က ရတဲ့အမျှင်ဟာလဲ ခန္ဓကိုယ်အတွက် အရေးကြီးပါသေးတယ် ။အမျှင်တွေရဲ့အကျိုးသတ်ရောက်မှုက ပထမဆုံး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။အညစ်အကြေးစွန့်တဲ့စနစ်ကိုလဲ အထောက်အကူပေးပါတယ်။ဝမ်းချုပ်တာကာကွယ်တဲ့အတွက်လိမ်ခေါင်းရောဂါဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။အူလမ်းကြောင်းမှာဖြစ်ပေါ်နိုင်တဲ့အခြားရောဂါတွေကိုလဲ ရှင်းလင်းပေးပါတယ်။သွေးထဲမှာရှိတဲ့ ကိုလက်စရော ကိုလဲ ကျစေတဲ့အတွက် ကိုလက်စရော level အလိုက်ဖြစ်ပေါ်စေနိုင်တဲ့ရောဂါတွေကို နည်းသွားအောင်ပြုလုပ်ပေးပါတယ်။
 
သွေးထဲမှာရှိတဲ့သကြားပမာဏကို နည်းစေတဲ့အတွက် သွေးချိုရောဂါ ၊ဆီးချိုရောဂါရှိတဲ့သူတွေက များစွာစားပေးသင့်ပါတယ်။ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလဲ များစွာ အသုံးဝင်ပါတယ် ။များများကြာကြာဝါးရတယ် ခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာလဲစုတ်ယူဖို့အချိန်ကြာတဲ့အတွက်ဗိုက်တင်းတဲ့ခံစားမှုကိုဖြစ်ပေါ်စေပြီးအစားအသောက်တွေအများကြီးမစားဖြစ်တော့ပါဘူး ။
 
ထိုနည်းဖြင့် ပိန်တဲ့ဘက်ကိုအားပေးပါတယ်။ထို့ကြောင့် အမျှင်ပါတဲ့အစားအစာ များများစားခြင်းဖြင့်လဲပိန်သွားစေပါတယ်။အစာအိမ်နဲ့အူလမ်းကြောင်းကို ရှင်းစေတဲ့အတွက် ဖြစ်ပေါ်နိုင်တဲ့ ကင်ဆာတွေကိုလဲ ရှင်းပြီးသားဖြစ်စေပါတယ်။ထို့ကြောင့် အမျှင်ပါတဲ့အစားတွေကို စားခြင်းဖြင့် ကျန်းမာ ရောဂါနည်းစေမှာ ဖြစ်ပါတယ် ။

10 Aug 2015     1,953 Views




RELATED

Most Popular of Health Fix

Most Popular of Life Style