လူမှုအကျိုးပြု ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲမှာ အတူယှဉ်တွဲတွေ့ရတဲ့ ပရဟိတမောင်နှမနှစ်ယောက်
04 Dec 2018 1,815 Views

သရုပ်ဆောင်ခိုင်နှင်းဝေနဲ့ သရုပ်ဆောင်ဝေဠုကျော်တို့နှစ်ယောက်ကတော့ တစ်ချိန်ကအနုပညာလောကထဲမှာ နာမည်ရအောင်မြင်ကျော်ကြားခဲ့သူတွေဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းအားပေးမှုတွေကိုပါ ရရှိထားသူတြွေဖစ်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အနုပညာအလုပ်တွေထက် အများအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာ အားတက်သရောကိုယ်ကျိုးပါစွန့်ပြီး ကူညီတတ်သူတွေဖြစ်တာကြောင့် ပရိသတ်တွေက ယနေ့တိုင်လေးစားအားထား ချစ်ခင်နေကြဆဲဖြစ်ပါတယ်။


အနုပညာမောင်နှမတွေဖြစ်သလို ပရဟိတမောင်နှမလဲဖြစ်တဲ့ ခိုင်နှင်းဝေနဲ့ ဝေဠုကျော်တို့နှစ်ယောက်ကတော့ Hope Charity Myanmar Foundation မှပေးအပ်တဲ့ လူမှုအကျိုးပြု ပရဟိတဂုဏ်ထူးဆောင် ထူးချွန်စံပြဆုကို ကိုယ်စီအသီးသီးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုတော့ Sky Star hotel မှာ ဒီဇင်ဘာလ ၃ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့ကာ ဆုချီးမြှင်းခြင်းခံရတဲ့ ခိုင်နှင်းဝေတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အတိုင်းမသိဝမ်းသာပီတိဖြစ်လို့နေပါတယ်။


ခိုင်နှင်းဝေမှ “ဟိုးအရင်က ‘ဘဦး’ ဆိုတဲ့ဇာတ်ကားကိုတူတူရိုက်ရင်း ပရိသတ်တွေအသိအမှတ်ပြု "ဘဦး" ဇာတ်လမ်းတွဲ အပါအဝင်ဇာတ်ကားပေါင်းများစွာတူတူရိုက်ခဲ့တဲ့ အနုပညာမောင်နှမတွေ… အခုကျမလေးစားအားကျရတဲ့ ကျမရဲ့အကို ကိုဝေနဲ့တူတူ ဆုယူရတော့ ဝမ်းသာတယ်.အမြဲလဲရီစရာစရာပြောတတ်တယ်.တွေ့ရင်လဲအမြဲအားပေးတတ်တယ်..ကျေးဇူးတင်ပါတယ်..ကိုယ့်အကိုနဲ့တွေ့တုန်းလေး သူများရိုက်ပေးတဲ့ပုံလေးတွေပေါင်းပြီးလိုက်ပါတယ်ရှင်” ဆိုကာ အပြုံးတွေကိုယ်စီဖြာဝေခဲ့ကြတဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေထားတာပဲဖြစ်ပါတယ်။ ပရိသတ်တိုင်း လေးစားချစ်ခင်ကြရတဲ့ ခိုင်နှင်းဝေနဲ့ ဝေဠုကျော်တို့ ပရဟိတမောင်နှမနစ်ယောက်ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။




