BEC-TERO TV

အစာအဆိပ်သင့်ခြင်းရောဂါများအကြောင်းသိကောင်းစရာများ

10 Aug 2015     1,353 Views


မသန့်ရှင်းတဲ့အစာတွေ၊ရေတွေ စားသောက်မိခြင်းဖြင့် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်အတွင်းသို့ဝင်သွားပြီး အစာအဆိပ်စင့်ခြင်းတွေဖြစ်ပေါ်လာပါတယ်။အစားအစာတွေချက်ပြုတ်နေချိန်မှာ ရောဂါပိုးတွေဝင်သွားတက်ပါတယ်။ဝင်ရောက်သွားတဲ့ပိုးတွေဟာခန္ဓာကိုယ်ထဲကို အစာကနေတဆင့်ဝင်ရောက်သွားတဲ့အခါမှာလဲ အစာ အဆိပ်သင့်ခြင်းဖြစ်ပေါ်တက်ပါတယ်။ရောဂါလက္ခဏာတွေကတော့ မအီမသာဖြစ်မယ် ၊ပျို့မယ် ၊အန်မယ် ၊ဝမ်းသွားမယ် ၊ဝမ်းထဲမှာ အရည်အများကြီးပါမယ် ၊ဗိုက်နာမယ် ဗိုက်အောင့်မယ် ၊အဖျားအနည်းငယ်ရှိခြင်းတွေဖြစ်တက်ပါတယ်။
 
ရောဂါလက္ခဏာတွေက အစာစားပြီးချက်ခြင်းဖြစ်တက်သလို တပတ်လောက်ကြာမှ ဖြစ်ခြင်းလဲ ဖြစ်တက်ပါတယ်။များသော အားဖြင့် ဒီရောဂါ လက္ခဏာတွေက သူ့ဘာသာ သူ ကောင်းသွားတက်ပါတယ် ။ရောဂါလက္ခဏာတွေဆိုးရွားလာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသသင့်ပါတယ်။
 
ရောဂါလက္ခဏာတွေကတော့ အရည်များစွာပါတဲ့အန်တာမျိုး ၊သွေးများအန်လာတာ ၊၃ရက်ထိကြာအောင်ဝမ်းလေဆာတာမျိုး ဝမ်းမကြာခဏသွားတာမျိုး ၊ဝမ်းသွားတဲ့အခါသွေးတွေပါလာတာမျိုး ၊ဗိုက်နာ ဗိုက်အောင့် ဖြစ်လာတာတွေ၊ ကိုယ်ခန္ဓာအပူချိန်က 101.5ဒီဂရီဖာရင်ဟိုက်ထိ တက်လာရင် ၊ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်တဲ့ပုံစံမျိုးဖြစ်လာရင် ဥပမာ ရေအရမ်းငတ်တာမျိုး ၊ပါးစပ်ခြောက်တာမျိုးတွေ ၊ဆီးသွားတာ နည်းသွားတာမျိုးတွေ ၊အားနည်းတာမျိုးတွေ ၊မူးဝေခေါင်းကိုက် အမြင်ဝေ၀ါးခြင်း ၊ကြွက်သားတွေ မလှုပ်မရှားနိုင်အောင် အာနည်းလာခြင်း အစရှိတဲံရောဂါလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။
 
အစာအဆိပ်သင့်တယ်လို့ယူဆရင် နီးစပ်ရာကျမ်းမာရေးငှာနသို့သွားရောက်ပြီး အစာအဆိပ်သင့်တာဖြစ်စေတဲ့အစားအစာကိုလဲ သိရှိအောင်ပြုလုပ်ထားသင့်ပါတယ် ။အစာအဆိပ်သင့်ရတဲ့အကြောင်းကတော့ အစားအသောက်တွေကိုထုပ်ပေးတဲ့နေရာမှာတွေ ၊အစိမ်းစားရတဲ့အစားအသောက်တွေ ၊အသင့်စား စားသောက်ကုန်ပစ္စည်းတွေ ဟာလဲ မသန့်ရှင်းရင်ရောဂါပိုးတွေဝင်သွားတက်ပါတယ်။
 
အစာအဆိပ်သင့်တာလူပေါ်လဲ မူတည်ပါတယ်။အသက်အရွယ် ၊ခံနိုင်ရည်အားပေါ်မူတည်ပြီးရောဂါဖြစ်ပွားပုံ လက္ခဏာတွေလဲ ပြောင်းလဲ တက်ပါတယ်။ကိုယ်ဝန်ဆောင်ဖြစ်ခဲ့ရင်တော့ ဆိုးရွားစွာခံစားရပါတယ် ကလေးမှာပါခံစားမှုတွေဆိုးရွားစေနိုင်ပါတယ်။နာတာရှည်ရောဂါရှိတဲ့သူတွေ ၊သွေးတိုးရောဂါရှိတဲ့သူတွေ ၊အသဲရောဂါရှိတဲ့သူတွေ ၊ဆီးချိုရောဂါရှိတဲ့သူတွေ မှာဆိုရင်ရောဂါလက္ခဏာ ပိုမိုပြင်းထန်နို်င်ပါတယ် ။အစာအဆိပ်သင့်တဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းဟာ အများဆုံးဖြစ်တက်ပါတယ်။
 
ကလေးငယ်များ သက်ကြီးရွယ်အိုများ ၊နာတာရှည်ရောဂါရှိတဲ့သူတွေ မှာဖြစ်လာရင်တော့ အန္တာရယ် ရှိပါတယ်။ကုသတဲ့နေရာမှာတော့ ရောဂါဖြစ်ပွားမှုအခြေအနေ ပေါ်မူတည်ပြီးတော့ ကုသရပါတယ်။ ကုသရင်တော့ ရောဂါတွေဟာ ရက်ပိုင်းအတွင်းပျောက်သွားနိုင်ပါတယ် တစ်ခါတစ်ရံ တစ်ပက်နှစ်ပက်နဲ့ ပျောက်ပါတယ် ။ဆရာဝန်ညွှန်ကြားတဲ့ပိုးသတ်ဆေးတွေကို သောက်ခြင်းဖြင့်လဲ သက်သာစေနိုင်ပါတယ်။
 
ကာကွယ်မှုအနေနဲ့ လက်ကို စင်ကြယ်စွာဆေးကြောပေးရပါမယ် ။ မိမိစားသောက်မဲ့အစားအသောက်တွေကိုလဲ မစားဖြစ်တဲ့အချိန်မျာ လုံခြုံစွာဖုံးထားရပါမယ်။ကလေးငယ်တွေ ၊ကိုယ်ဝန်ဆောင်တွေ ၊သက်ကြီးရွယ်အိုတွေ ၊ခုခံအားကျဆင်းနေတဲ့သူတွေ မှာ ဖြစ်မယ်ဆိုရင်ပိုပြီးတော့ အန္တာရယ်ရှိပါတယ်။ အသားစိမ်းတွေ ၊ ခရု ၊ဂုံး ၊ဥတွေ ၊ငါးတွေ ကို အစိမ်းစားသောက်ခြင်းမှရှောင်ရှားသင့်ပါတယ်။ပဲပင်ပေါက် ၊ပဲသီး ၊မုံလာဥ ပင်ပေါက်စတဲ့အစားအသောက်တွေကိုလဲ အစိမ်းစားခြင်းမှရှောင်သင့်ပါတယ်။
 
ကောင်းစွာ ကျိုချက်မထားတဲ့နွားနိ့နဲ့နွားနို့မှရတဲ့ပစ္စည်းတွေကို စားသောက်ခြင်းမှလဲ ရှောင်ကြည်ရပါမယ် ။အေးခဲထားတဲ့အသီးတွေ၊အသားတွေ ၊အသင့်စား ဆီသွတ်ဗူးတွေ ကိုလဲ ရှောင်ရှားရပါမယ်။ အစာ အဆိပ်သင့်ခြင်းရဲ့ အကြောင်းအရင်းကို သိမယ်၊အစာအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်မယ် ၊ဖြစ်ရင်လဲ အသက်အန္တာရာယ်မဆုံးရှှုံအောင် ကာကွယ် နိုင်ဖို့အရေးကြီးပါတယ်။

10 Aug 2015     1,353 Views




RELATED

Most Popular of Health Fix

Most Popular of Life Style