BEC-TERO TV

အစွံထုတ်သွားပြီဖြစ်တဲ့ မောင်မောင်အေးအတွက် ဆုအကြီးကြီးတောင်းပေးလိုက်တဲ့ ချစ်သုဝေ

06 Dec 2018     1,754 Views


အစီအစဉ်တင်ဆက်သူတွေထဲမှာ တစ်မူထူးခြားတဲ့ပုံစံကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ကိုမောင်မောင်အေးကတော့ လူပျိုကြီးဘ၀ကိုအကြာကြီးထိန်းသိမ်းလာပြီးတဲ့နောက်မှာတော့ အစွံထုတ်ကာ မင်္ဂလာဆောင်သွားပြီပဲဖြစ်ပါတယ်။ အသက် ၁၄ နှစ်လောက်ငယ်တဲ့ မိန်းမငယ်ငယ်ချောချောလေးကို ရလိုက်တဲ့အတွက်ကြောင့် လူပျိုကြီးတစ်ယောက်ပါးစပ်မစေ့နိုင်အောင် ပြုံးပျော်လို့နေတာပဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းများသာမက ပရိသတ်တွေကပါ ကိုမောင်မောင်အေးတစ်ယောက် လူပျိုကြီးဘ၀နဲ့အရိုးထုတ်မယ်လို့ ထင်ထားခဲ့သော်လည်း အစွံထုတ်ကာ အိမ်ထောင်တစ်ခုကိုတည်ဆောက်လိုက်ပြီပဲဖြစ်ပါတယ်။



ဒီဇင်ဘာ (၃) ရက်နေ့က လက်မှတ်မင်္ဂလာရေးထိုးခဲ့ပြီး ဒီဇင်ဘာ (၅) ရက်နေ့မှာတော့ Thuwunna Bumi Event Park မှာ မင်္ဂလာညစာစားပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး ခင်မင်ရင်းနှီးသူအပေါင်းအသင်းများနဲ့ အနုပညာအသိုင်းအ၀ိုင်းမှ ညီအစ်ကိုမောင်နှမများစွာလဲ တတ်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ထိုထဲတွင် အဆိုတော်သရုပ်ဆောင် ချစ်သုဝေမှ သီချင်းလေးဆိုကာ တက်ရောက်ဂုဏ်ပြုရင်း ကိုမောင်မောင်အေးတို့ဇနီးမောင်နှံအတွက် ဆုအကြီးကြီးကိုပါ တောင်းဆုပြုပေးလိုက်ပါတယ်။



ချစ်သုဝေတောင်းပေးလိုက်တဲ့ ဆုကတော့ “ဦးအေးစွံပြီလေ...သီချင်းဆိုပြီး အမွှာ ဆယ်စုံထွန်းကားနိုင်စေဖို့ မင်္ဂလာမောင်နှံအတွက် ဆုတောင်းပေးခဲ့တယ်လေ” ဆိုကာ အသစ်စက်စက်မင်္ဂလာမောင်နှံအတွက် သားသမီးအမွှာဆယ်စုံထွန်းကားဖို့ ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။




ဒါ့အပြင် မင်္ဂလာပွဲကိုခင်ပွန်းသည်မပါပဲ တစ်ယောက်ထဲတက်ရတဲ့အတွက်ကြောင့် ခင်ပွန်းဖြစ်သူကိုပါ လွမ်းမိကြောင်းကို “ယောကျာ်းကိုလွမ်းလိုက်တာ... စုံတွဲလေးရိုက်ရမှာ” ဆိုပြီး ရေးသားကာ မင်္ဂလာပွဲတက်ရောက်ခဲ့တဲ့ပုံရိပ်တွေကိုပါ မျှဝေထားတာပဲဖြစ်ပါတယ်။





06 Dec 2018     1,754 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment